
Lutaw Lupyaw
"ခုပဲ ပေးပါ"
ငါသေသွားတဲ့အခါ နင် မျက်ရည်ကျလိမ့်မယ်။ ဒါပေမယ့် ငါမသိပါဘူး။ အဲဒီအစား ခုပဲ ငါ့အတွက် ငိုပေးပါ။
ငါသေသွားတဲ့အခါ နင် ပန်းတွေပို့လိမ့်မယ်။ ဒါပေမယ့် ငါမမြင်ပါဘူး။ အဲဒီအစား ခုပဲ ငါ့အတွက် ပို့ပေးပါ။
ငါသေသွားတဲ့အခါ နင်က ချီးမွမ်းစကားတွေ ဆိုလိမ့်မယ်။ ဒါပေမယ့် ငါမကြားပါဘူး။ အဲဒီအစား ခုပဲ ငါ့အတွက် ချီးမွမ်းပေးပါ။
ငါသေသွားတဲ့အခါ နင် ငါ့အပြစ်တွေကို မေ့သွားလိမ့်မယ်။ ဒါပေမယ့် ငါမသိပါဘူး။ အဲဒီအစား ခုပဲ ဒါတွေကို မေ့ပေးပါ။
အင်ကြင်း
Credit: Saik Rott

No comments:
Post a Comment