Sunday, February 21, 2016
"Online ပေါ်မှာ"
"Online ပေါ်မှာ"
နင်နဲ့ငါ Online ပေါ်မှာ အမှတ်တမဲ့တွေ့ခဲ့တယ်။ နင်နဲ့ငါ အပျော်အပျက်လေးတွေ ပြောခဲ့ကျတယ်။ နင်နဲ့ငါ ခဏတာ စိတ်ဆိုးကြတယ်။ နင့်နဲ့ငါ တစ်နေ့မတွေ့ဆုံဖြစ်ရင် လွမ်းတဲ့အကြောင်းတွေ ပြောခဲ့ကြတယ်။ နင်နဲ့ငါ ပြဿာနာတက်နေရင်းနဲ့ ခံစားမှုတွေ ရလာတယ်။ အမှတ်တမဲ့ တွေ့ပေမယ့် ငါ့အချစ်က နင့်အတွက် အမှတ်တမဲ့ မဟုတ်ခဲ့ဘူး။ အပျော်အပျက်ပြောပေမယ့် ငါ့အချစ်က နင့်အတွက် အပျော်အပျက် မဟုတ်ခဲ့ဘူး။ ခဏတာစိတ်ဆိုးကြပေမယ့် ငါ့ကို နင် စိတ်ဆိုးရင် ငါ့ရင်ထဲ နာကျင်အောင် ခံစားရတယ်။
တစ်နေ့တာခွဲကျရင်တောင် အလွမ်းတွေ ပြောမကုန်ခဲ့တော့ တသက်စာများ ခွဲရရင်ဆိုတဲ့အတွေးက တွေးလို့တောင် မကြည့်ရဲဘူး ချစ်ရသူရယ်။ လူချင်းမတွေ့ဘူးပေမယ့် Online က အချစ်မစစ်ဘူးလို့ မထင်ပါနဲ့
အမှတ်တမဲ့ဆုံတွေ့မှုကနေ ထာဝရတိုင် သက်ဆုံးထိ ချစ်နေချင်တယ်
Kak
Credit: Aung Tun Myint
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment