Monday, February 22, 2016

"ယောက်ျားလေးသူငယ်ချင်းများသူ မိန်းကလေးတွေမှာရှိတဲ့ အချက် (၈) ချက်"


"ယောက်ျားလေးသူငယ်ချင်းများသူ မိန်းကလေးတွေမှာရှိတဲ့ အချက် (၈) ချက်"

၁- တည်ငြိမ်
စိတ်အပြောင်းအလဲမြန်သူတွေ မဟုတ်ပါဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုး မဖြစ်တတ်ပါဘူး။ စိတ်ထား တစ်သမတ်တည်း ရှိသူတွေပါ။

၂- တက်ကြွ
ဘယ်ကိစ္စမဆို တက်တက်ကြွကြွ ရှိပါတယ်။ ပျော့ဖတ်ဖတ်နဲ့ တွန့်ဆုတ်တွန့်ဆုတ်ပုံစံမျိုး မရှိပါဘူး။

၃- မေ့ပျောက်လွယ်တယ်
သူတို့က တစ်စုံတစ်ခုကို အညိုးအတေးကြီးသူတွေ မဟုတ်ပါဘူး။ မကောင်းတဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကို မေ့ပျောက်လွယ်ပါတယ်။

၎- လွပ်လပ်တဲ့စိတ်ထား
ဘဝ၊ အချစ်၊ လူနှစ်ဦးဆက်ဆံရေး စတဲ့ကိစ္စတွေမှာ လွပ်လပ်တဲ့အတွေးအခေါ်မျိုး ရှိပါတယ်။ ဒီလိုစိတ်ထားမျိုးကြောင့် မိန်းကလေးသူငယ်ချင်း အရင်းကြီးဆိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၅- ပျော်တတ်
အသေးအဖွဲလေးတွေက သူတို့ကို စိတ်အနှောင့်အယှက် မပေးနိုင်ပါဘူး။ ဒါကြောင့် တစ်ခုခုကို ငြီးညူနေသူတွေ မဟုတ်ပါဘူး။ အပေါင်းအသင်းနဲ့ပက်သက်ရင် အမြဲတမ်း ပျော်ရွှင်တတ်တဲ့စိတ်ထား ရှိနေသူတွေပါ။

၆- အသစ်
အသစ်တစ်ခုခုကိုလုပ်ဖို့ စိတ်အား ထက်သန်သူတွေပါ။ ဒါကြောင့်မို့ နေရာသစ်၊ ကိစ္စသစ်တွေကို လုပ်ကြဖို့ သွားတိုင်ပင်ရင် အမြဲ လက်ခံတတ်တဲ့ မိန်းကလေးမျိုးပါ။

၇- သူငယ်ချင်း
ကိုယ့်သူငယ်ချင်းရဲ့ ကောင်မလေးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူက ပေါင်းတတ်သင်းတတ်ပါတယ်။

၈- မတွန်းဘူး
သင်တကယ်မလုပ်ချင်တာကို သူတို့က တွန်းတွန်းတိုက်တိုက် မလုပ်ပါဘူး။

Photos & Source: LifeHack

Credit: duwun

No comments:

Post a Comment