Tuesday, February 16, 2016

"တစ်ကိုယ်တည်း ဘဝမှာ ပျော်နေကြောင်း ပြသတဲ့ လက္ခဏာ ၁၀ ရပ်"



Lutaw Lupyaw

"တစ်ကိုယ်တည်း ဘဝမှာ ပျော်နေကြောင်း ပြသတဲ့ လက္ခဏာ ၁၀ ရပ်"

တစ်ကိုယ်တည်းသမားတွေရဲ့ ဘဝဟာ အထီးကျန်တယ်လို့ လူတွေက မြင်တတ်ကြပါတယ်။

တစ်ကိုယ်တည်း ဖြစ်နေရခြင်း အကြောင်းအမျိုးမျိုး ရှိတတ်ကြပေမယ့် တစ်ယောက်တည်း ကြာကြာနေရတဲ့အခါမှာ အဲဒီဘဝကို ပျော်မွေ့မှန်းမသိ ပျော်မွေ့လာကြတယ်။

တစ်ကိုယ်တည်းသမားဖြစ်ပြီး အောက်ပါအချက်တွေ တော်တော်များများနဲ့ ကိုက်ညီနေမယ်ဆိုရင် သင်ဟာ သင့်ဘဝသင် ကျေနပ်နေသူပဲ ဖြစ်ပါတယ်။

၁။ ဝိုင်တစ်ပုလင်းနဲ့ တစ်ယောက်တည်း နှပ်နေရတာ သဘောကျတယ်

ဖြီးလိမ်းပြင်ဆင် အပြင်သွားပြီး ဈေးကြီးတဲ့ ယမကာတစ်ခွက် သောက်ရတာထက် ညအိပ်ဝတ်စုံဝတ်ပြီး တစ်သောင်းကျော်တန် ဝိုင်တစ်ပုလင်းနဲ့ အိမ်မှာ နှပ်နေရတာ ပိုကြိုက်နေမိပြီ။

၂။ အဝတ်အစားတွေ၊ မုန့်တွေနဲ့ စာအုပ်တွေကြားထဲမှာ အိပ်တတ်တယ်။

လူပိုတစ်ယောက် အိပ်ရာပေါ် ရောက်နေရင် အဲဒီလို ပစ္စည်းမျိုးစုံကြားထဲမှာ အိပ်လို့ရမှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ ရှုပ်ပွနေပါစေ ကိုယ်ကလွဲလို့ ဘယ်သူမှ မြင်မှာမဟုတ်တော့ ရှင်းလင်းစရာမလိုတာ တစ်မျိုးကောင်းတာပါပဲ။

၃။ ဒိတ်လုပ်မိတိုင်း အဲဒီလူက တစ်ခုခုလွဲနေတယ်ဆိုတာ အမြဲတွေ့တယ်

ကိုယ် ဒိတ်လုပ်လိုက်သူက တကယ် သဘောမနောကောင်း ဖြစ်နေရင်တောင် သူနဲ့ မတွဲချင်တဲ့ အချက်တစ်ချက်တော့ သင် ရှာတွေ့တတ်တယ်။

၎။ ရည်းစားမရှိတဲ့ သူငယ်ချင်းတွေကြားမှာ သင်က ဆရာမကြီးပဲ

သူငယ်ချင်းတစ်ယောက် ရည်းစားနဲ့ ပြတ်လာရင် တစ်ကိုယ်တည်းဘဝဟာ စိတ်ညစ်စရာမဟုတ်ဘူးလို့ သူမ ယူဆနိုင်ဖို့ သင့်ဆီ ရောက်လာပါလိမ့်မယ်။

၅။ သင့်ရဲ့ စံနှုန်းတွေက မဖြစ်နိုင်လောက်အောင် မြင့်မားလွန်းတယ်

သင့်မှာ ဒိတ်လုပ်ဖို့ အခွင့်အရေး အမြဲ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သင်ရှာနေတဲ့ အမျိုသားက လူရိုသေ ရှင်ရိုသေရှိမယ့် အလုပ်တစ်ခု၊ ကြည့်ကောင်းတဲ့ စတိုင်၊ ယောက်ျားပီသတဲ့ ရုပ်ရည် စတဲ့ အချက်အားလုံး ပြည့်စုံတဲ့ ယောက်ျားမျိုး။ အဲဒီလူက သင့်စံနှုန်းတွေအောက် နိမ့်ကျနေတယ်ဆိုရင် အဲဒီလူနဲ့ ထပ်ပြီး ဒိတ်မလုပ်တော့ဘူး။

၆။ ဘာလို့ အိမ်ထောင်မပြုသေးတာလဲလို့ မေးလာသူတိုင်းအတွက် သင့်မှာ အကြောင်းပြချက် ကောင်းကောင်း အမြဲရှိတယ်။

အဲဒီလို မေးခွန်းမျိုးကို ဖြေရတာ သင့်အတွက် မဆန်းတော့ဘူး။ ဖြေရလွန်းလို့ သင့်ရဲ့ အကြောင်းပြချက်တွေက လစ်ကွက်ဟာကွက် လုံးဝမရှိဘူး။

၇။ ယောက်ျားတစ်ယောက်က အီစီကလီ လာလုပ်လည်း သင် သတိမထားမိဘူး

ယောက်ျားတစ်ယောက်က ကိုယ့်ကို စိတ်ဝင်စားနေတဲ့ အရိပ်လက္ခဏာတွေကို ဖတ်တတ်တဲ့ အလေ့အကျင့်မျိုး သင့်မှာ မရှိဘူး။ အဲဒီလူက သင့်ကို ချစ်ခွင့်မပန်မချင်း သင် သတိမထားမိဘူး။

၈။ ရည်းစားမဖြစ်အောင် ရှောင်ထွက်တတ်တယ်

ယောက်ျားတစ်ယောက်က သင်နဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ ဦးတည်လာပြီလို့ သင် သိလိုက်တာနဲ့ စတင်ရှောင်ထွက်တတ်တယ်။ အဲဒီလူကို မကြိုက်လို့မဟုတ်ဘူး၊ တစ်ကိုယ်တည်း နေရတဲ့ လွတ်လပ်မှုကို လက်လွတ်ဆုံးရှုံး မခံနိုင်လို့။

၉။ တစ်ကိုယ်တည်းနေရတာ အသားကျနေပြီ

သင်က တစ်ယောက်တည်း အိပ်ရတာ အရမ်းကြိုက်တယ်။ သင့်ရဲ့နေ့စဉ် လှုပ်ရှားမှုတွေကို နည်းနည်းလောက် ပြုပြင်ရမှာမျိုး မလုပ်ချင်ဘူး။ ကိုယ့်ကို ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ ပြောမယ့်သူ မရှိတာကို အကြိုက်တွေ့နေမိပြီ။

Source & Photos : The Bolde

Credit: duwun


No comments:

Post a Comment