Lutaw Lupyaw
ညီမလေးရေ ကိုယ့်အပေါ် ခဏခဏ စိတ်မကောက်ပါနဲ့နော်။ ကိုယ့်ကို စိတ်ကောက်ပြီး မခေါ်မပြောပဲနေတဲ့အခါ ကိုယ် အရမ်းဝမ်းနည်းလို့ပါ။
ညီမလေးရေ Facebook ပေါ်မှာ Photos တွေ ခဏခဏ မတင်ပါနဲ့နော်။ ညီမလေးရဲ့ပုံကို ကိုယ်မဟုတ်တဲ့ အခြားသူတွေက ချစ်ဖို့ကောင်းတယ် ဘာဘာညာညာပြောရင် ကိုယ် မုန်းလို့ပါ။
ညီမလေးရေ အွန်လိုင်းမှာ ကိုယ်မရှိတဲ့အခါ ဘယ်သူနဲ့မှ မချက်ပါနဲ့နော်။ ကိုယ်မဟုတ်တဲ့ အခြားသူတွေနဲ့ စကားတွေပြောရင် ကိုယ် အရမ်းသဝန်တိုလို့ပါ။
ညီမလေးရေ ကိုယ့်အပေါ်မှာ မကျေနပ်ချက်တွေ ရှိတဲ့အခါ ပြောပြပေးပါ။ ကိုယ့်ကို ဒီလိုကြီးတော့ ပစ်မထားပါနဲ့နော်။ ကိုယ်က ညီမလေးအတွက် အကောင်းဆုံးတွေကို ဖြစ်စေချင်လို့ပါ။
ညီမလေးရေ ညီမလေးတွဲထားတဲ့ ကိုယ့်ရဲ့ လက်ကလေးကို ဘယ်တော့မှ လွှတ်ဖို့ မတောင်းဆိုပါနဲ့နော်။ ညီမလေးမရှိရင် မဖြစ်တဲ့ဘဝမှာ ကိုယ် မရှင်သန်ချင်လို့ပါ။
tt
Friday, February 12, 2016
ညီမလေးရေ
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment