Thursday, February 18, 2016
"ခေါင်းလျှော်တဲ့အခါမှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာတစ်ခု"
"ခေါင်းလျှော်တဲ့အခါမှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာတစ်ခု"
ဒီ စတိုရီဟာ သင်ဖတ်ဖူးသမျှထဲမှာ အထင်ရှားဆုံး တစ်ပုဒ်လည်း ဖြစ်လာနိုင်သလို သင့်ဘ၀ကို လုံးဝ ပြောင်းလဲသွားစေတဲ့ တစ်ပုဒ်လည်း ဖြစ်လာနိုင်ပါတယ်။ အဆင်သင့်ဖြစ်ရင်တော့ ပြောပြပါမယ်။ သင့်အနေနဲ့ သင့်ဆံပင်ရဲ့  အမြစ်တွေကို ပေါင်းဆေး အသုံးမပြုသင့်ပါဘူး။
ဆံသား အားလုံးကို ချစ်မြတ်နိုးတဲ့အနေနဲ့ ခေါင်းလျှော်တဲ့အခါမှာ သင့်ဆံပင်ရဲ့  အမြစ် (ဦးရေပြားနဲ့ ထိစပ်နေသောနေရာ) ကို ပေါင်းဆေး (conditioner) လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတာကိုတော့ အနုပညာသမားတို့ရဲ့  စတိုင်လ် ပညာရှင်နဲ့ Ted Gibson Color ကုမ္မဏီရဲ့  ဒါရိုက်တာ Kitty Nadel က အခုလို ရှင်းပြထားပါတယ်။
“သင့်ဆံသားဟာ ထူသည်ဖြစ်စေ၊ ပါးသည်ဖြစ်စေ၊ ပေါင်းဆေးမှာပါဝင်တဲ့ သြဇာဓါတ်တွေဟာ ဆံသားရဲ့ အမြစ်ကို ကွေးညွတ်သွားစေပါတယ်။ သဘာဝအားဖြင့် ဦးရေပြားကို အဆီပြန်သွားစေပြီး သင့်ဆံသားဟာ ဘာထုထည်မှ ရှိလာတော့မှာ မဟုတ်ပါဘူး။ သင့်ဆံပင်ဟာ နေ့လည်ပိုင်းမှာပင် အမြဲတမ်း စိုရွှဲသလို ဖြစ်နေပါလိမ့်မယ်”
Kitty ရဲ့  ပြောကြားချက်အရတော့ သင့်အနေနဲ့ ဆံပင်တစ်ခုလုံးကို ရှန်ပူနဲ့ လျှော်သင့်ပေမယ့် ပေါင်းဆေးသုံးတဲ့အခါမှာတော့ ဆံသားရဲ့  အဖျားကိုသာ သုံးစွဲသင့်ပါတယ်။
“သင့်ဆံပင်ဟာ သင်နဲ့အတူ ကြာရှည်စွာ ရှိနေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် သင့်ဆံသားတွေ အာဟာရ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သင့်ကြောင့် သင့်ဆံသားတွေဟာ ထူလိုက်ပါးလိုက် ဖြစ်ပြီးပါပြီ။ (အရောင်ဆိုးခြင်း၊ ဆံပင်စတိုင်လ်တစ်ခု ညှပ်ခြင်းကို ဆိုလိုသည်)။ ဒါကြောင့် ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်” လို့လည်း သူမက ဆိုပါတယ်။
ဆံသားရဲ့  အမြစ်ကို ပေါင်းဆေးမသုံးသင့်တဲ့ အနေအထားဟာ သင့်ရဲ့  ဦးရေပြား ခြောက်သွေ့အခါမျိုး (သို့) ထိန်းသိမ်းရခက်တဲ့ ဆံသားထူထူ ရှိတဲ့အခါမျိုးပဲ ဖြစ်တယ်လို့ Kitty ရဲ့ ပြောကြားချက်အရ သိရပါတယ်။
Ref:shefinds
Credit: Trend Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment