Saturday, February 20, 2016

"ဖေ့စ်ဘွတ် စွဲလန်းရတဲ့ အကြောင်း (၄) ချက်"


"ဖေ့စ်ဘွတ် စွဲလန်းရတဲ့ အကြောင်း (၄) ချက်"

ဖေ့စ်ဘွတ်ကို မသုံးရ မနေနိုင် စွဲလန်းနေတဲ့ အကြောင်းအရင်း အများအပြား ရှိနိုင်ပါတယ်။ အခုဖော်ပြထားတဲ့ အကြောင်း (၄) ချက်က လေ့လာမေးမြန်းမှု ၅,၀၀၀ ကျော်ကို အခြေခံထားတဲ့ သုတေသနရလဒ် ဖြစ်ပါတယ်။

အလေ့အထ
ဖေ့စ်ဘွတ်သုံးခြင်းကို အလေ့အထ တစ်ခုပမာ မှတ်ယူခံစားသူတွေဟာ ဖေ့စ်ဘွတ်ကို စွဲလန်းတတ်ကြကြောင်း သုတေသန ရလဒ်တွေက ဖော်ပြပါတယ်။

စပ်စုချင်စိတ်
အခြားသူတွေက ကိုယ့်ကို ဘယ်လိုထင်နေကြလဲဆိုတာ သိချင်သူတွေနဲ့ အခြားသူတွေ ဘာတွေလုပ်နေတယ်ဆိုတာ သိချင်သူတွေဟာ ဖေ့စ်ဘွတ်ကို စွဲလန်းတတ်ပါတယ်။

ပျော်လို့
ဖေ့စ်ဘွတ်သုံးရတာကို ကျေနပ်ပျော်ရွှင်နေသူတွေဟာ စွန့်ခွာဖို့ ခဲယဉ်းပြီး စွဲလန်းတတ်ပါတယ်။

အခြား ဆိုရှယ်မီဒီယာတွေကြောင့်
ဖေ့စ်ဘွတ်အပြင် တွစ်တာကဲ့သို့ အခြား ဆိုရှယ်မီဒီယာ အကောင့်တွေပါ ပိုင်ဆိုင်ထားသူတွေက ဖေ့စ်ဘွတ်တစ်ခုတည်း သုံးသူတွေထက် စွဲလန်းမှုပိုကြောင်း သုတေသနရလဒ်တွေက ဆိုပါတယ်။

သုတေသန အစီအစဉ်မှာ ပါဝင်သူတွေကို ဖေ့စ်ဘွတ်မှ ၉၉ ရက်ကြာ log out လုပ်စေခဲ့ပြီး သူတို့ရဲ့ စိတ်အခြေအနေကို ၃၃ ရက်၊ ၆၆ ရက်နဲ့ ၉၉ ရက်တို့မှာ တစ်ကြိမ်စီ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

Source: 99 Days of Freedom
Photo: Yahoo, AllIndiaRoundUp

Credit: duwun

No comments:

Post a Comment