Wednesday, February 3, 2016

"သင့်အမျိုးသား သင့်ကို လိမ်ညာနေပြီဆိုတာ ဒီအချက် (၄) ချက်နဲ့ အတည်ပြုနိုင်"



Lutaw Lupyaw

"သင့်အမျိုးသား သင့်ကို လိမ်ညာနေပြီဆိုတာ ဒီအချက် (၄) ချက်နဲ့ အတည်ပြုနိုင်"

တစ်ခါတစ်လေ ကိုယ့်အထင်နဲ့ တကယ်ဖြစ်နေတာတွေနဲ့ လွဲချော်နေတာတွေ ရှိပါတယ်။ ကိုယ့်ကို သစ္စာရှိရှိ မလိမ်မညာပဲ ချစ်နေတယ်လို့ ထင်တဲ့သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာမျိုး၊ နောက်ကွယ်မှာ တစ်ခုခု လုပ်နေတယ်လို့ ထင်ပေမယ့် တကယ်တမ်းကျတော့ ဘာမှမလုပ်တဲ့ အိမ်ထောင်ဖက် ဖြစ်နေတာမျိုးတွေပေါ့။ ဒီတော့ ကိုယ့်အမျိုးသားက ကိုယ့်ကို လိမ်ညာသလား၊ မလိမ်ညာဘူးလားဆိုတာ သိရအောင် ပထမဆုံး သူ့ကို သိအောင် သင်ကြိုးစားရပါလိမ့်မယ်။

သင်တို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ပွေ့ဖက်ဖက် မနေကြသလို တစ်နေ့မှာ တစ်ခါလောက်တောင် အတူထိုင်ပြီး အိမ်ထောင်ရေးအကြောင်း၊ သူ့အလုပ်၊ ကိုယ့်အလုပ်အကြောင်း၊ ကိုယ့်ရည်မှန်းချက်တွေ အကြောင်း ပြောဆိုတာမျိုးတွေ မရှိဘူးဆိုရင်တော့ သင်တို့ အိမ်ထောင်ရေးဟာ စိုးရိမ်စရာပါပဲ။ နှစ်ဦးသား ဆက်သွယ်ပြောဆိုနေခြင်းက တကယ်တော့ အရေးကြီးပါတယ်။ သင့်အမျိုးသား သင့်ကို လိမ်ညာ၊ မလိမ်ညာဆိုတာကလည်း သူ့အကြောင်း သင် သေချာသိပါမှ ဖြစ်ပါလိမ့်မယ်။ သင်ဟာ ရည်းစားဘ၀ကတည်းက သူ့အကြောင်း သိတယ်၊ အိမ်ထောင်သည်ဘ၀မှာလည်း သူ့အကြောင်းကို တော်တော်လေး သိပြီဆိုရင်တော့ ဒီအချက်လေးတွေနဲ့ သူ ကိုယ့်ကို လိမ်မလိမ် အတည်ပြုလိုက်ပါ။

၁။ အတူနေတဲ့ပုံစံတွေ ပြောင်းလဲလာတယ်။

အိမ်ထောင်သည်တွေအတွက် အိမ်ထောင်ရေး သာယာစေတဲ့ အချက်တွေထဲမှာ နှစ်ဦးသား ချစ်တင်းနှောတဲ့ ကိစ္စရပ်ကလည်း အရေးပါပါတယ်။ နောက်ထပ် သူ ကိုယ့်ကို လိမ်ညာနေသလားဆိုတဲ့ အရာကို ဒီအချက်ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ သူနဲ့ကိုယ် အတူနေတဲ့ အကြိမ်အရေအတွက်ကို ကြည့်ရမှာ မဟုတ်ပဲ အတူနေတဲ့ပုံစံ၊ နည်းလေးတွေ ပြောင်းလာသလား ဆိုတာကို သတိထားမိပါစေ။ လိမ်ညာတတ်သူတွေဟာ သူတို့အမျိုးသမီးတွေနဲ့ အရင်ထက်တောင် အကြိမ်အရေအတွက်ပို အတူနေတာမျိုးတွေ ရှိပေမယ့် အတူနေတဲ့အခါ သူတို့ ပြုမူလေ့ရှိတဲ့ အရာတွေကတော့ ပြောင်းလဲသွားပါတယ်။

၂။ သူငယ်ချင်းတွေနဲ့ သွားနေကျ နေရာမျိုးတွေ မသွားတော့ပဲ ပြောင်းသွားတတ်လာတယ်။

အရင်က သူငယ်ချင်းတွေနဲ့ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ကနေ နေ့စဉ်ရက်ဆက် ဖြစ်လာတာမျိုးက သံသယ၀င်စရာဆိုပေမယ့် အဲ့ဒီထက် သံသယ၀င်စရာ ပိုကောင်းတာက သူဟာ အရင်က သွားတဲ့နေရာတွေ သူငယ်ချင်း အကြောင်းပြပြီးသွားတာ၊ လုပ်လေ့မရှိတာတွေ လုပ်လာတာတွေပါပဲ။

၃။ တစ်နေရာရာကို သွားရင် အချိန်အကြာကြီး ယူတတ်လာတယ်။

ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုအတွက် အပြင်ထွက်တာနဲ့ တော်တော်လေး ကြာတဲ့အထိ ပြန်ပေါ်မလာတော့ဘူး။ တစ်ခါတစ်လေ အိမ်နားက ဈေးဝယ်စင်တာ တစ်ခုခု သွားရင်တောင် အချိန်အကြာကြီး ယူတတ်လာတယ်။ ဒီလိုမျိုးဆိုရင် သင့်အနေနဲ့ သူ ပစ္စည်းဝယ်ရင်း ရလာတဲ့ လက်ခံစာရွက်ကို ကြည့်ပြီး အချိန်ဘယ်လောက်မှာ သူ ဈေးလာဝယ်တယ်ဆိုတာကို သိနိုင်ပါတယ်။

၎။ ဖုန်းပြောတဲ့ပုံစံ အပြောင်းအလဲလေးတွေ ရှိလာတယ်။

သင့်အမျိုးသားဟာ သူ့ဖုန်းကို အထိမခံ ဖြစ်လာတယ်။ ဖုန်းကို vibrate ပဲ လုပ်ထားတတ်တယ်။ တစ်ချိန်လုံး လက်ကတကိုင်ကိုင် ဖြစ်နေတယ်ဆိုရင်တော့ ပြသနာရှိနေပါပြီ။ ဒါပေမယ့် ဒီပြသနာကို သူ့ဖုန်းယူပြီး ဘယ်သူတွေ ဖုန်းဆက်ထားတယ်။ သူပြန်ခေါ်ထားတယ် ဆိုတာမျိုး ကြည့်မယ့်အစား သူ့ဖုန်းဘေလ်ကို စစ်ကြည့်တာ ပိုကောင်းပါသေးတယ်။ သူ့ဖုန်းကိုတော့ အ၀င်ဖုန်း၊ အထွက်ဖုန်းတွေ ဖျက်ပစ်ထားတာမျိုး သူ လုပ်ချင် လုပ်နိုင်တာကြောင့်လေ။

အရေးကြီးတဲ့ အချက်တစ်ချက်တော့ သူ ဖောက်ပြန်နေတာ၊ လိမ်ညာနေတာ သေချာရင်တောင် သင့်လက်ထဲမှာ ဘာအထောက်အထားမှ မရှိပဲ သွားစွပ်စွဲလို့ မရတာကို သိထားပါ။ အားလုံးကို အထောက်အထားသေချာပြပြီး ပြောဆိုမှ သူမငြင်းနိုင် ဖြစ်သွားမှာပါ။ မဟုတ်ရင်တော့ သင်တို့အိမ်ထောင်ရေး ပျက်စီးရုံကလွဲပြီး ထူးခြားတာ ဘာမှ မရှိလာနိုင်လို့ပါ။

ဟန်နီ

Credit: Trend Myanmar

***** ******* ******* ******

"တောင်းပန်ခြင်းနှင့် အသိပေးခြင်း"

ကျနော် Lutaw Lupyaw တင်သော ပို့စ်များနှင့် ပတ်သက်၍…

ကျနော်ဖတ်လေ့ရှိသော၊ ကျနော်ကြိုက်သော ဝက်ဆိုဒ်များမှ ကူးယူး၍ ကျနော်၏ ကိုယ်ပိုင် ဖေ့ဘွတ်ခ်စာမျက်နှာတွင် ပြန်လည်တင်ခြင်းမျှသာ ဖြစ်ပါသည်။ ကျနော်တင်သော ပို့စ်များမှာ ကောင်းခြင်းတွေရှိသလို ဆိုးခြင်းတွေလဲ ရှိကောင်း ရှိနိုင်ပါသည်။ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက်၊ မည်သည့်ပုဂ္ဂိုလ် ချစ်သူစုံတွဲများအတွက် မရည်ရွယ်ပါ။ တိုက်ဆိုင်မှုတွေ ရှိခဲ့ပါက တောင်ပန်ခြင်းတွေနဲ့အတူ ရိုင်းစိုင်းသော ကွန်မန့်များကို ကွန်မန့်နှင့်တကွ ကွန်မန့် မန့်သူ၏ facebook profile ပုံကို ကျနော်၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။




No comments:

Post a Comment