Monday, February 29, 2016
"သူနဲ့ လမ်းခွဲပြီးတဲ့နောက်"
"သူနဲ့ လမ်းခွဲပြီးတဲ့နောက်"
ချစ်သူနှစ်ဦး အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ကြတယ်။ လမ်းခွဲခြင်းသည် ဘဝတွင် စိတ်ထိခိုက်စရာ အကောင်းဆုံး တွေ့ကြုံမှုများအနက် တခုဖြစ်နိုင်ပါသည်။ အမှန်မှာ လမ်းခွဲခြင်းသည် သင့်ဘဝ တစိတ်တပိုင်း သေသွားသည်နှင့် မခြားဟု တချို့က ဆိုခဲ့ကြသည်။ သင်သည် အောက်ဖော်ပြပါအတိုင်း ခံစားရနိုင်ပြီး တဦးတယောက် သေဆုံးသွားသကဲ့သို့လည်း ဝမ်းနည်း ပူဆွေးရနိုင်သည်။
(၁) လက်မခံနိုင်ခြင်း
သူ ငါ့ကို သိပ်ချစ်ခဲ့တာပဲ ငါ အိပ်မက်များ မက်နေတာလား။
(၂) ဒေါသထွက်ခြင်း
ငါ့ကို ဘာကြောင့် ဒီလိုလုပ်သွားရတာလဲ။ လုံးဝ သည်းမခံနိုင်ဘူး။
(၃) စိတ်ဓာတ်ကျဆင်းခြင်း
ငါဟာ ဆွဲဆောင်မှု မရှိဘူး။ ငါ့ကို ဘယ်သူကမှ သူ့လို ချစ်မှာ မဟုတ်တော့ဘူး။
(၄) လက်ခံခြင်း
ငါကောင်းသွားမှာပါ။ လမ်းခွဲလိုက်လို့ နာကျင်ရပေမဲ့ ငါ ပြန်ကောင်းလာပါပြီ။
သတင်းကောင်းမှာ သင်သည် လက်ခံခြင်းအဆင့်ကို ရောက်ရှိနိုင်ခြင်း ဖြစ်သည်။
ရှေ့ဆက်၍ သင် အသဲကွဲနေသည်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်
(၁) ဝမ်းနည်းကြေကွဲလိုက်ပါ
ငိုကြွေးလိုက်ခြင်းက မမှားပါ။ အမှန်မှာ မျက်ရည်ကျခြင်းက သင်သည် လူပျော့လူညံ့ ဖြစ်သည်ဟု မဆိုလိုပါ။ သင့်ရဲ့ ဝမ်းနည်းကြေကွဲနေတဲ့ နှလုံးသားကို မျက်ရည်များနဲ့အတူ ဖွင့်ထုတ်လိုက်ပါ။
(၂) သင့်ကျန်းမာရေးကို ဂရုစိုက်ပါ
ကာယလေ့ကျင့်ခန်းနှင့် သင့်တော်သော အစာအဟာရက လမ်းခွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှ ဆုံးရှုံးသွားသည့် အားအင်တွေကို ပြန်လည် ဖြည့်ပေးပါလိမ့်မည်။
(၃) အလုပ်များနေပါ
သင်စိတ်ဝင်စားသော အရာများအား လုပ်ဆောင်ခြင်းကို မရပ်တန့်လိုက်ပါနှင့်။ သင့်ကို ဂရုစိုက်သော သူများနှင့် ပေါင်းသင်းခြင်းက သင့်အား အပြုသဘောရှိသည့် အရာအပေါ် အာရုံစိုက်စေပါလိမ့်မည်။
လမ်းခွဲစတွင် အဆိုပါစကားများက သင့်ကို နှစ်သိမ့်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ လေမုန်တိုင်းတိုက်နေစဉ် မည်းမှောင်နေသော ကောင်းကင်နှင့် ရွာချလိုက်သော မိုးကို အာရုံစိုက်ဖို့ လွယ်ကူသည်။ သို့သော် တဖြည်းဖြည်း မိုးတိတ်သွားပြီး ကောင်းကင်မှာ ကြည်လင်လာ၏။ လူငယ်များသည် အချိန်တန်သော် အခြေအနေမှန်သို့ ပြန်ရောက်ခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည်။
Credit: Testing
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment