Lutaw Lupyaw
"ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့အခါ သတိရသင့်တဲ့ အရာ (၆) ခု"
၁- သူမဟုတ်ဘူး၊ သင်
ကိုယ့်ကိုယ် သိမ်ငယ်ပြီး တခြားလူတစ်ဦးကို ရှက်ကြောက်တဲ့စိတ်ဟာ အဆိုပါလူကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာတင် ဖြစ်နေတာပါ။
၂- အားလုံးမှာ ရှက်ကြောက်စိတ်ရှိတယ်
လူတိုင်းမှာ ရှက်စိတ်ရှိပါတယ်၊ ကြောက်စိတ်ရှိပါတယ်။ ဒါပေမဲ့ ဒီစိတ်ကို ထုတ်ပြတဲ့လူနဲ့၊ ထုတ်မပြတဲ့လူပဲ ကွာသွားတာပါ။
၃- လူတွေက အသွားအပြန်ရှိတယ်
သင် မိတ်ဆက်ဖို့ မဝံ့မရဲဖြစ်နေတဲ့လူရှိရင် ရဲရဲဝံ့ဝံ့ မိတ်ဆက်ကြည့်ပါ။ သူက ကောင်းကောင်းမွန်မွန် ပြန်ပြောမှာပါ။ ယဉ်ကျေးတဲ့ လူတွေမှန်သမျှ တူညီတဲ့ တုံ့ပြန်မှု ပြန်ပေးပါတယ်။
၎- တခြားလူတွေလည်း ရှက်နေတယ်
ရှက်တာဟာ သင်တစ်ယောက်တည်း ဖြစ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ တစ်ဖက်လူကလည်း သင့်ကို ရှက်နေတာပါ။ ကိုယ်ကစပြီး အေးအေးဆေးဆေး မိတ်ဆက်ကြည့်ပါ။
၅- အတ္တ
ရှက်တတ်ကြောက်တတ်တာဟာ သင့်အတ္တကို အားတင်ပေးလိုက်တာ ဖြစ်ပါတယ်။ သင့်ကိုသင် အခြေပြုစဉ်းစားတာ များသလို ဖြစ်သွားတာပါ။
၆- အတွေ့အကြုံ
တစ်ဖက်လူကြောင့် အရှက်ရခဲ့ရတဲ့ အဖြစ်အပျက်တွေ လူတိုင်းမှာ အမြောက်အများ ရှိပါတယ်။ အရှက်အကြောက်ကြောင့်သာ သင့်အခွင့်အရေးတွေ လက်လွတ်ခဲ့ရတာမျိုး အဖြစ်မခံပါနဲ့။
Photos & Source: Huffignton
Credit: duwun
Monday, February 8, 2016
"ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့အခါ သတိရသင့်တဲ့ အရာ (၆) ခု"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment