Wednesday, February 3, 2016

"အသည်းကွဲနေတဲ့ မိန်းကလေးတွေ လုပ်တတ်တဲ့ လုပ်ရပ် (၁၁) ခု"



Lutaw Lupyaw

"အသည်းကွဲနေတဲ့ မိန်းကလေးတွေ လုပ်တတ်တဲ့ လုပ်ရပ် (၁၁) ခု"

အရက်မူးပြီး ရည်းစားဟောင်းစီ စာပို့တတ်ကြတာလည်း တစ်ခုအပါအဝင်ပါပဲ။

ကိုယ်တကယ်ချစ်ရတဲ့ သူနဲ့ ကွဲကွာပြီးတဲ့နောက် ခံစားရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုဟာ ဘာနဲ့မှ မနှိုင်းသာအောင်ပါပဲ။ အဲဒါကြောင့် စိတ်သက်သာရာရဖို့ တစ်ခုခုကို လုပ်တတ်ကြတယ်။

အောက်ပါအချက်တွေကတော့ အသည်းကွဲနေတဲ့ မိန်းကလေးတွေ လုပ်လေ့လုပ်ထရှိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၁။ အသည်းကွဲတာနဲ့ ပတ်သက်တဲ့ စာတွေ၊ ပုံတွေ ဖေ့စ်ဘွတ်ခ်မှာ တင်တယ်။

၂။ အလန်းစား ဆယ်လ်ဖီပုံတွေတင်တယ်။

၃။ ရည်းစားဟောင်းနဲ့ ပုံတွေကို အကုန်ဖျက်တယ်။

၎။ ဆံပင်ညှပ်တယ်။

၅။ သူငယ်ချင်းတွေကို ခေါ်တယ်။ ဝိုင်သောက်ပြီး ငိုတယ်။

၆။ သူငယ်ချင်းတွေခေါ်၊ မှောက်တဲ့အထိ သောက်တယ်။

၇။ မူးလာတော့ ရည်းစားဟောင်းစီ စာပို့တယ်။

၈။ မူးမူးနဲ့ အခု ပြတ်သွားတဲ့ ရည်းစားမတိုင်မီက ရည်းစားဆီ စာပို့တယ်။

၉။ လေ့ကျင့်ခန်းလုပ်ဖို့ စာရင်းသွားပေးတယ်။

၁၀။ တွေးတွေးပြီး ဝမ်းနည်းပြန်တယ်။

၁၁။ နောက်ဆုံးမှာတော့ ဘဝကို ရှေ့ဆက်ရမယ်လို့ သဘောပေါက်သွားတယ်။

Source : BLODE

Credit: duwun



No comments:

Post a Comment