Thursday, February 4, 2016

"ဆံပင်မကျွတ်အောင် ထိန်းသိမ်းပေးတဲ့ မာလကာရွက်"



Lutaw Lupyaw

"ဆံပင်မကျွတ်အောင် ထိန်းသိမ်းပေးတဲ့ မာလကာရွက်"

မာလကာရွက်က ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များ သက်သေပြထားပါတယ်။ ဒီအရွက်က ဆံကေသာ ထိန်းသိမ်းပစ္စည်းတစ်ခုအဖြစ် အသုံးပြုပါက ဆံပင်ကျွတ်ခြင်းကို တားဆီးပေးနိုင်ကြောင်း ကျွမ်းကျင် ပညာရှင်တွေက အခိုင်အမာ ပြောဆိုထားပါတယ်။

ဆံကေသာအတွက် အထူးကောင်းမွန်ရတဲ့ အဓိက အကြောင်းရင်းက မာလကာရွက်မှာ ဆံပင်ကျန်းမာသန်စွမ်းခြင်းနဲ့ ဖွံ့ဖြိုးမှုမှာ အရေးကြီးဆုံးဖြစ်တဲ့ ဗီတာမင်-ဘီ ပေါကြွယ်ဝခြင်းကြောင့် ဖြစ်ပါတယ်။

မာလကာရွက် လက်တစ်ဆုပ်စာကို ရေ ၁ လီတာနဲ့ မိနစ် ၂၀ ကြိုပြီး အခန်းအပူချိန်အတိုင်း အေးအောင် ထားရပါမယ်။

ယင်းမာလကာရွက် ကြိုရည်ကို ဆံပင်သန်ဆေးအနေနဲ့ ဦးရည်ပြားနဲ့ ဆံပင်အမြစ်တွေမှာ ပွတ်လိမ်းပေးနိုင်ပါတယ်။

အဲဒါနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ၂ နာရီကြာအောင်ထားပြီးနောက် ရေနဲ့ ဆေးချပေးရပါမယ်။ ဒီနည်းအတိုင်း ထပ်ခါထပ်ခါ လုပ်ပေးနိုင်တယ်။ ညမှာ လုပ်မယ်ဆိုရင် Shower cap လေးဆောင်းပြီး အဲဒီအတိုင်း တစ်ညထားကာ နောက်နေ့ မနက် ခေါင်းလျှော်ပေးပါ။ ဒီဆံပင်သန်ဆေးနဲ့ ဦးရေပြားကို နှိပ်နယ်တဲ့အခါ ဆံပင်ကျွတ်ခြင်းကို ထိန်းသိမ်းပေးပြီး အမြစ်နဲ့ မွေးညင်းပေါင်ကို သန်မာစေမှာ ဖြစ်ပါတယ်။

Ref: womansvibe

Credit: Trend Myanmar




No comments:

Post a Comment