Lutaw Lupyaw
"ကြက်ဥ လတ်ဆတ်မှု ရှိမရှိ ဘယ်လိုဆုံးဖြတ်မလဲ"
လတ်ဆတ်တဲ့ ခြံထွက် စားသောက်ကုန်ပစ္စည်းတွေ မရှိဘူးဆိုရင် စူပါမားကက် ဈေးဆိုင်တွေမှာ မဖြစ်မနေ ဝယ်စားရတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အဲဒီကုန်တိုက်ကြီးတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန် ပစ္စည်းတွေ လတ်ဆတ်မှုရှိမရှိ ဘယ်လို ဆုံးဖြတ်ကြမလဲ။ ကိုယ်ဝယ်ထားတဲ့ ကြက်ဥ လတ်ဆတ်နေသေးရဲ့လားဆိုတာ ဆုံးဖြတ်ပေးနိုင်တဲ့ ရိုးရှင်းသော စမ်းသပ်နည်းတစ်ခုတော့ ရှိပါတယ်။
ဖန်ခွက်အကြီးတစ်လုံး၊ ရေအနည်းငယ်နဲ့ အချိန် စက္ကန့်အနည်းငယ် လိုအပ်ပါတယ်။ ပထမဦးဆုံး ရေကို ဖန်ခွက်ထဲ လောင်းထည့်ရပါမယ်။ ကြက်ဥကို ခွက်ထဲ ဖြည်းညင်းစွာ ထည့်ပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်။ ကြက်ဥက လတ်ဆတ်နေသေးတယ်ဆိုရင် လုံးလုံးမြုပ်ဝင်ပြီး အောက်ခြေအထိ ထိုးကျသွားပါလိမ့်မယ်။ အနည်းငယ်ကြာပြီးတဲ့ ကြက်ဥဆိုရင် အောက်ခြေကို အနည်းငယ်သာထိပြီး ကျန်အပိုင်းက အပေါ် ပင့်နေပါလိမ့်မယ်။ မကောင်းတော့တဲ့ ကြက်ဥတွေကျတော့ ရေမျက်နှာပြင်မှာ ပေါလော ပေါ်နေပါလိမ့်မယ်။
အဲဒီလို ကြက်ဥမျိုးဆိုရင် စားဖို့ မသင့်တော့ပါဘူး။ ကြက်ဥရဲ့ လတ်ဆတ်မှုကို စစ်ဆေးပေးမယ့် နောက်နည်းလမ်းတစ်ခုက ကြက်ဥတစ်လုံးကို လက်မှာထားပြီး နားရွက်နဲ့ ကပ်ကိုင်ပေးဖို့ ဖြစ်ပါတယ်။ ဖြည်းဖြည်းလေး လှုပ်ပြီး အထဲကလာတဲ့အသံကို နားထောင်ရပါမယ်။ ဘာသံမှ မကြားရပါက ကြက်ဥက လတ်ဆတ်နေသေးတဲ့ သဘောပါ။ အသံတချို့ကြားနေရပါက ဥက ကြာနေပြီဖြစ်ပြီး မစားသင့်တော့ပါဘူး။
ပေါ်ထွန်း
Credit: Trend Myanmar
Wednesday, February 3, 2016
"ကြက်ဥ လတ်ဆတ်မှု ရှိမရှိ ဘယ်လိုဆုံးဖြတ်မလဲ"
Labels:
ဗဟုသုတ,
အစားအသောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment