
Lutaw Lupyaw
"ထက်မြက်တဲ့ မိန်းကလေးတွေကို မကြိုက်တဲ့ ယောက်ျား (၃) မျိုး"
တချို့ယောက်ျားတွေက သူတို့လှည့်ချင်တိုင်း လှည့်လို့ရတဲ့ မိန်းကလေးကိုသာ သဘောကျတယ်။
ငြင်းခုန်ကြတဲ့အခါ အတွေးအခေါ် အယူအဆမှန်မှန်နဲ့ ချက်ကျလက်ကျ ပြောတတ်တဲ့ မိန်းကလေးတွေကို သူတို့ သဘောမကျကြဘူး။ အဲဒီတော့ မိန်းမတွေရဲ့ ဥာဏ်ရည်ထက်မြက်မှုက အချစ်ရေးမှာ ပြဿနာကြီးတစ်ခု ဖြစ်နေတတ်ပါတယ်။
တကယ်တော့ အဲဒါဟာ မှားယွင်းနေတာ မိန်းကလေးမဟုတ်ပါဘူး။ မှားချင်းမှား လူရွေးမှားတာသာ ဖြစ်ပါလိမ့်မယ်။
ထက်မြက်တဲ့ မိန်းကလေးတွေကို မကြိုက်တဲ့ယောက်ျား ၃ မျိုး ရှိပါတယ်။
၁။ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းသူ
ယုံကြည်မှုနည်းသူတွေက အရာရာကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကိုပဲ လိုချင်တယ်။ ပြောရဆိုရကျပ်တဲ့ ထက်မြက်တဲ့ မိန်းမတွေနဲ့အတူ မရှိချင်ကြဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ယောက်ျားတွေက စိန်ခေါ်မှုကို ကြောက်မှာမဟုတ်တဲ့အပြင် သဘောတောင် ကျပါသေးတယ်။
၂။ ခန္ဓာကိုယ်ပဲ လိုချင်သူ
တစ်ယောက်နဲ့ တစ်ယောက် အချစ်ဆုံး သူငယ်ချင်းတွေလို ဖြစ်နေမှ အခိုင်မာဆုံး အချစ်ရေး၊ အိမ်ထောင်ရေးဆိုတာကို ရတာပါ။ အကြံဥာဏ်ပေးနိုင်၊ နားလည်ပေးနိုင်၊ အခက်အခဲကို အတူဖြေရှင်းဖို့ဆိုတာ ထက်မြက်မှုမရှိဘဲ မလုပ်နိုင်ပါဘူး။ အဲဒီလို ဆက်ဆံရေးမျိုးကို တန်ဖိုးမထားတတ်တဲ့ ယောက်ျားတွေက ထက်မြက်တဲ့ မိန်းကလေးကို မလိုချင်ကြဘူး။ သူတို့လိုချင်တာ သူတို့ အထီးကျန်ချိန်မှာ အဖော်ပြုပေးမယ့်သူတစ်ယောက်ပါ။
၃။ ခေတ်နောက်ကျတဲ့ အတွေးအခေါ်ရှိသူ
ဘာပဲဖြစ်ဖြစ် ယောက်ျားကသာ ဦးဆောင်ရမယ်လို့ တွေးကြတယ်။ မိန်းမတွေကို နေရာမပေးချင်ဘူး။ မိန်းမတွေရဲ့ အတွေးအမြင်ကို အလေးမထားဘူး။ အဲဒီအတွေးအခေါ်က အဓိပ္ပာယ်မရှိသလို စိတ်ပျက်ဖို့လည်း ကောင်းပါတယ်။
Source : The Bolde
Credit: duwun

Saturday, February 6, 2016
"ထက်မြက်တဲ့ မိန်းကလေးတွေကို မကြိုက်တဲ့ ယောက်ျား (၃) မျိုး"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment