Wednesday, February 24, 2016
"ကလေးဘဝက"
"ကလေးဘဝက"
ကလေးဘဝက ဘယ်လောက်ဒဏ်ရာရနိုင်တဲ့
ကစားနည်းမဆို ဆော့ရဲတယ်။ မကြောက်တတ်ဘူး။ လူကြီးဘဝရောက်တော့ ကိုယ့်ကို ဒဏ်ရာရစေမဲ့ ကစားနည်းဆို မဆော့ရဲတော့ဘူး။ ဘယ်လောက် ဆော့ချင်ဆော့ချင် ရှောင်တယ်။
နှလုံးသားကလည်း အဲဒီလိုပဲ။ ငယ်ငယ်တုန်းက ကိုယ့်ကို ဘယ်လောက်နာကျင်ပါစေ ချစ်ရဲတယ်။ ကိုယ့်ကို နာကျင်စေမှန်းသိရက်နဲ့ ဆက်ချစ်တယ်။ နည်းနည်းအသက်ကြီးလာတော့ ကိုယ့်ကို နာကျင်စေမဲ့လူဆို မချစ်ရဲတော့ဘူး ။ ဘယ်လောက် စိတ်ဝင်စားနေပါစေ ဒီလူဟာ ကိုယ့်အတွက် ကံမကောင်းနိုင်ဘူးဆိုရင် မချစ်တော့ဘူး။
တကယ်တော့ လူတွေဟာ အသက်ကြီးလာတဲ့အခါ နာကျင်မှုတွေကို ခံနိုင်တဲ့ အင်အားတွေ လျော့နည်းလာတယ်။
အဲဒါကြောင့်ပဲ တချို့တွေဟာ အသက်ကြီးတဲ့အခါ ကိုယ်က အရမ်းချစ်ပြီး ကိုယ့်ကို နာကျင်စေမဲ့ ချစ်သူမျိုးထက် ကိုယ့်ကို အရမ်းချစ်ပြီး ကိုယ့်ကို ကြင်နာမဲ့ ချစ်သူမျိုးကို ရွေးချယ်သွားကြတာပေါ့။
ကောင်မလေးရဲ့ကောင်လေး
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment