Friday, February 26, 2016

"ဘယ်သူ့မှ ဂရုမစိုက်ဘဲ နေရမယ့်အရာ (၆)ခု"


"ဘယ်သူ့မှ ဂရုမစိုက်ဘဲ နေရမယ့်အရာ (၆)ခု"

၁- ယုံကြည်မှု
ဘာသာရေးယုံကြည်မှုတွေ၊ ဘဝနဲ့ပက်သက်တဲ့ အမြင်တွေပေါ် ယုံကြည်မှုတွေနဲ့ပက်သက်ပြီး ကိုယ်ကြိုက်တာကို ယုံကြည်လို့ရပါတယ်။ လူ့အဖွဲ့အစည်းနဲ့ တစ်ဖက်သားကို ဒုက္ခမပေးဖို့ဘဲ အရေးကြီးပါတယ်။

၂- အချိန်
သင်ပိုင်တဲ့ သင့်အချိန်တွေကို ဘယ်လိုကုန်ဆုံးတယ်၊ ဘာကြောင့် ဒီလိုကုန်ဆုံးရတယ်ဆိုတာ ဘယ်သူကိုမှ ရှင်းပြစရာ မလိုပါဘူး။ အချည်းအနှီးဖြစ်တယ်လို့ သူတို့ ထင်နေနိုင်ပြီး ကိုယ်က ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။

၃- အလေးထားမှု
သင့်အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဘာအကျိုးမှ မဖြစ်ဘူးဆိုရင် ဘယ်ကိစ္စ၊ ဘယ်အကြောင်းကိုမှ အလေးထားစရာမလိုပါဘူး။

၎- သင့်အကြောင်း
မေးတဲ့မေးခွန်းတိုင်းကို ဖြေစရာမလိုပါဘူး။ သင့်ဘဝအကြောင်း၊ သင့် တစ်ကိုယ်ရေ တစ်ကာယအကြောင်းတွေကို သင်ကိုယ်တိုင် ပြောပြနေစရာမလိုပါဘူး။

၅- ခင်မင်မှု
လူတိုင်းက ကိုယ့်ကိုယ် ခင်ချင်အောင် လုပ်စရာမလိုပါဘူး။ လူတိုင်းကိုလည်း လိုက်ခင်နေစရာမလိုပါဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် နေလို့ရပါတယ်။

၆- သွင်ပြင်
ကိုယ်ကြိုက်တဲ့ဖက်ရှင်ကို ကိုယ်ဝတ်ပါ။ ကိုယ်ကြိုက်တဲ့ဆံပင်ကို ကိုယ်ဆိုးပါ။ သူတို့ဘယ်လိုပဲထင်ထင် ဒါ သူတို့ကိစ္စပါ။

Photos & Source: indugly,Lifehack

Credit: duwun

No comments:

Post a Comment