Tuesday, February 23, 2016

"လူတစ်ယောက်အကြောင်းကို အကဲခတ်ရုံနဲ့ သိနိုင်တဲ့အချက် (၆) ချက်"


"လူတစ်ယောက်အကြောင်းကို အကဲခတ်ရုံနဲ့ သိနိုင်တဲ့အချက် (၆) ချက်"

အကင်းပါးတဲ့ သူတွေ အရိပ်အကဲ သိရှိသူတွေအတွက်ကတော့ ကိုယ့်ရဲ့ အမှတ်တမဲ့ အပြုအမူလေးတွေက ကိုယ့်အကြောင်းကို သူ့ကို ဖွင့်ပြောသလို ဖြစ်သွားတတ်ပါတယ်။ သည်တော့ ဘယ်လို အပြုအမူတွေဟာ ကိုယ့်အကြောင်းကို သူတို့ သိသွားစေနိုင်သလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

၁။ လက်ရေး
သုတေသန တွေ့ရှိချက်အရ လက်ရေးစာလုံး သေးသူများဟာ ရှက်တတ်သူ၊ စေ့စေ့စပ်စပ် လေ့လာလိုသူတွေ ဖြစ်ပြီး လက်ရေးစာလုံး ကြီးမားသူများဟာ အများအာရုံစိုက်တာကို ခံယူလိုသူတွေ ဖြစ်ပါတယ်တဲ့။ ဒါ့အပြင် ဘောပင်ကို အားစိုက် အရမ်းရေးတဲ့သူက အရာရာကို ၀ုန်းဒိုင်းကျဲပြီး ခံစားတတ်သူတွေ ဖြစ်သလို၊ ဘောပင်ကို ဖွဖွလေး ကိုင်ရေးတတ်သူတွေက ကိုယ်ချင်းစာတတ်ပေမယ့် ကိုယ့်ကို ထိရင်လည်း ဆက်ဆက်ထိမခံ လူသားတွေ ဖြစ်တယ်လို့ သုတေသနက ဆိုပါတယ်။

၂။ အရောင်အဆင်း
Psychology Today သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးအရ သင် ၀တ်ဆင်ထားတဲ့ အရောင်အဆင်းကို ကြည့်ချင်းအားဖြင့်လည်း စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရပါတယ်။ ဥပမာ- အနက်ရောင်ကို ၀တ်လေ့ဝတ်ထရှိသူများကတော့ လူ့ဂွစာများ၊ အနုပညာကို လိုက်စားသူများ၊ အရာရာကို စူးစမ်းလိုသူများ ဖြစ်ပါတယ်။ အနီရောင်သမားများကတော့ သူတို့ရည်မှန်းချက်အတွက် ကြိုးစားအားထုတ်မှု ပြင်းထန်သလို၊ စိတ်ထား ပြည့်ဝသူများလို့ ဆိုပါတယ်။

၃။ လက်သဲ ကိုက်ခြင်း
အချို့သူများဟာ အကြောင်းမဲ့ လက်သည်း ကိုက်တဲ့အကျင့် ရှိပါတယ်။ ဒီလိုလုပ်ခြင်းဟာလည်း ဂနာမငြိမ်ခြင်း၊ စိတ်ေ၀၀ါးခြင်း၊ ပေါ့ပေါ့ဆဆနေခြင်း ဆိုတာကို မီးမောင်းထိုးပြပြီး၊ အကြောင်းမဲ့ စကားပြောနေရင်
ဆံပင် ဆွဲတာတို့ ခေါင်းကုတ်တာတို့ဟာလည်း စိတ်မရှည်သူ၊ တွေဝေသူ၊ ပျင်းရိသူ၊ စိတ်မကျေနပ်ချက်များသူ ဖြစ်တယ်ဆိုတာ သိသာစေပါတယ်။

၎။ ဖိနပ်
ဖိနပ်ကိုကြည့်ပြီး ဖိနပ်ပိုင်ရှင်အကြောင်း သိနိုင်ပါတယ်။ ဖိနပ်ဟာ လူတစ်ယောက်ရဲ့ စီးပွားရေးကို ထင်ဟပ်စေနိုင်သလို၊ ပေပွနေရင် ဒီလူ စည်းကမ်းမရှိဘူး၊ ဖိနပ်နောက်ပိုင်း သိသိသာသာ ပါးနေရင် ဒီလူ အပျင်းကြီးတယ်၊ ဖိနပ်နောက်မြှီးချိုင့်နေရင် ဒီလူ ဒေါသကြီးတယ်-စသဖြင့် သိရှိနိုင်ပါတယ်။

၅။ မျက်လုံးအမူအယာ
မျက်လုံးဟာ စိတ်ရဲ့ မှန်တစ်ခုလို့ ဆိုပါတယ်။ လုံးဝကို မှန်ပါတယ်။ မျက်လုံး ဂဏာမငြိမ်ဖြစ်နေရင် စိတ်မတည်ငြိမ်သူ၊ စိုးရိမ်စိတ်များသူ၊ ကျီးကန်းတောင်းမှောက် ဖြစ်နေရင် တစ်ခုခု အလစ်သုတ်ချင်သူ၊ မျက်လုံးကို မှေးပြီးကြည့်ရင် မောဟကြီးသူ၊ အညှိုးကြီးသူ၊ မျက်လွှာချထားရင် ရှက်တတ်သူ၊ မျက်လုံးဝိုင်းပြီး ကြည့်တဲ့အခါ မမှိတ်မသုန် ဖြစ်နေရင် ရဲရင့်သူ၊ စိတ်ကောင်းရှိသူ၊ မျက်ထောင့်နီရင် ဒေါသကြီးသူ စသဖြင့်
သတ်မှတ်လို့ ရပါတယ်။

၆။ စတိုင်
တစ်ချို့ ပုံစံ မြင်လိုက်တာနဲ့ ထကန်ချင်စိတ် မနည်းထိန်းထားရတာမျိုး၊ တစ်ချို့ကျတော့ မြင်တာနဲ့ ထိုင်ပဲကန်တော့ရတော့မလိုလို ပုံစံမျိုးတွေ ရှိတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် လေးစားမှု၊ ရင်းနီးမှုမှာ စတိုင်ဟာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား စတဲ့ စတိုင်တွေကို
မြင်တာနဲ့ ဒီလူဟာ ပေါ့ပေါ့တန်တန်လူလား၊ အလေးအနက် ထားတတ်သူလားဆိုတာ ပိုင်းခြား သိနိုင်ပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment