Saturday, February 20, 2016

"ချစ်သူထက်"


"ချစ်သူထက်"

ကျနော် ပိုက်ဆံ ၁၀၀ ပိုင်ဆိုင်တဲ့အခါ ပြုံးပြုံးလေးနေတဲ့ ချစ်သူထက် ကျနော် တပြားမှမရှိတဲ့အခါ မဲ့မဲ့လေးမနေတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကျနော် မချမ်းသာဘူးနော်လို့ ပြောတဲ့အခါ သိပါတယ်ဆိုတဲ့ ပြောတဲ့စကားလုံးတွေထက် ကျနော်ဆင်းရဲတဲ့အခါလည်း အနားမှာ ရှိနေမှာပါဆိုတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကျနော်တို့ ဝေးဝေးနေတဲ့အခါ လွမ်းတယ်လို့ အချိန်တိုင်းပြောနေတဲ့ ချစ်သူထက် ကျနော်တို့ ပြန်ဆုံစည်းကျတဲ့အခါ
ကျနော်တစ်ယောက်တည်းကိုပဲ စောင့်နေရှာတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကျနော်တို့ လွမ်းလို့ ဖုန်းတွေဆက်ကျတဲ့အခါ ခုမှဘာလို့ ဆက်တာလဲဆိုတဲ့ မေးခွန်းတွေမေးတဲ့ ချစ်သူထက် ကျနော်တို့ ဆက်သွယ်မှု့လေးတွေ ရတဲ့အခါ မအားတဲ့ကြားထဲက ဖုန်းဆက်ပေးလို့ ကျေးဇူးပါနော်ဆိုတဲ့ စကားလုံးလေးတွေပြောတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကိုယ့်စိတ်နဲ့တောင် အရာရာတိုင်း ထပ်တူမကျနိုင်တဲ့ ဘ၀ကြီးမှာ ကိုယ့်ကို အရမ်းနားလည်ပေးနိုင်တဲ့ ချစ်သူတစ်ယောက် ရခဲ့ရင် လွယ်လွယ်စွန့်ပစ်ဖို့ မတွေးတောမိပါစေနဲ့။

Credit: ပုံရိပ်စစ်

No comments:

Post a Comment