Monday, February 15, 2016

"လူတွေ သင့်ကို မခင်ရတဲ့ အကြောင်းအရင်း (၉) ခု"



Lutaw Lupyaw

"လူတွေ သင့်ကို မခင်ရတဲ့ အကြောင်းအရင်း (၉) ခု"

၁- ကိုယ့်ကိုယ်ပဲ အာရုံစိုက်နေတယ်။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောချင်နေပြီး ဘေးကလူတွေကို ဂရုမစိုက်ဘူး။

၂- အပြင်ဘက်အလှကိုပဲ အာရုံစိုက်နေပြီး အတွင်းစိတ်ကိုတော့ မမြင်ဘူး။

၃- လူတိုင်းထက်သာချင်ပြီး အမြဲ လိုက်ပြိုင်နေတယ်။

၎- သူငယ်ချင်းတွေကိုလည်း ပြိုင်ဘက်လို မြင်တတ်တယ်။

၅- အရေးပါတဲ့လူ ဖြစ်ရဲ့သားနဲ့ အခြားလူတွေက သင့်ကို အရေးပါတဲ့လူအဖြစ် မမြင်ကြဘူးလို့ ထင်နေတတ်တယ်။

၆- ကိုယ့်ကိုယ်ကိုယ် ဆရာကြီး အမြဲထင်နေတယ်။ အုပ်စုလိုက် သွားကြတဲ့အခါမျိုးမှာ သင်ကပဲ ဆုံးဖြတ်ချက်တွေချပြီး သင့်ဆုံးဖြတ်ချက်ကို လူတိုင်းက လိုက်နာရမယ်ဆိုတာမျိုးပါ။ ကန့်ကွက်ရင်လည်း မကျေမနပ် ဖြစ်နေတာမျိုးပါ။

၇- တစ်ဖက်သားကို အမြဲတမ်း ထေ့ငေါ့တတ်တယ်။

၈- အားကိုးလို့လည်းမရဘူး။ အကူအညီလိုလို့ ခေါ်တဲ့အခါ မအားဘူး။ စကားပြောချင်လို့ ဖုန်းဆက်တဲ့အခါ မကိုင်ဘူး။

၉- အမြဲတမ်း အဆိုးမြင်နေတယ်။ တစ်ခုခုလုပ်မယ်ဆို အပျက်စကားကို စပြောတယ်။

Photos & Source: Lifehack

Credit: duwun


No comments:

Post a Comment