Monday, February 29, 2016
"အချစ် = အတ္တ"
"အချစ် = အတ္တ"
လူတွေ တယောက်နဲ့တယောက် ပြောနေကြတဲ့ “ချစ်တယ်” ဆိုတဲ့စကား။ အဲဒါ မှားတယ်။ လူနှစ်ယောက် တွေ့ကြတယ်။ သူ့ရဲ့ အပြုအမူလေးတွေ၊ အရည်အချင်း ဒါမှမဟုတ် ချောမောလှပခြင်း အဲဒီအချက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားလာကြတယ်။
အဲဒီကနေ “စ” တဲ့ချစ်ခြင်း။ အဲဒါ ချစ်တာမဟုတ်ဘူး “ကြိုက်တာ”။ သူ့ရဲ့လှုပ်ရှားမှု အပြုအမူလေးတွေကို ကြိုက်သွားတာ။ “ကြိုက်တယ်” ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ “လိုချင်တပ်မက်မှု” “ပိုင်ဆိုင်လိုမှု” ဆိုတာတွေပါ ကပ်လိုက်လာတတ်တယ်။
အဲဒါဟာ “အတ္တ” ပဲ။ ကိုယ့်ကိုယ်ကို ချစ်တဲ့ “အတ္တ”။ ကိုယ်ကြိုက်တဲ့ အရာတခုကို ကိုယ်တစ်ယောက်တည်းအတွက် အပိုင်လိုချင်လာတဲ့ “အတ္တ”။ ကိုယ့်စိတ်ကို ဖျော်ဖြေဖို့ သူ့ကို အသုံးချချင်သွားတဲ့ (လိုချင်သွားတဲ့) အတ္တ။ အဲဒီ “အတ္တ” ဆိုတဲ့ စကားလုံးကို လူကြားကောင်းအောင် “ချစ်တယ်” ဆိုတဲ့ စကားလုံးချိုချိုတွေနဲ့ ဖုံးအုပ်ထားကြတာပါ။
ကျမကတော့ လူတယောက်ကို “ရှင့်ကို ကျမ သိပ်ချစ်တာပဲ” လို့ ပြောမယ့်အစား “ရှင့်ကို ကျမ အရမ်းမြတ်နိုးတာပဲ” ဆိုတဲ့ အသုံးနှုန်းကိုပဲ သုံးဖြစ်မှာပါ။
“မြတ်နိုးတယ်” ဆိုတာ ရယူပိုင်ဆိုင်ခြင်းကင်းတဲ့၊ အတ္တ မပါတဲ့၊ ချုပ်ကိုင်မှုကင်းတဲ့ တကယ့် “ချစ်ခြင်း” အစစ်သာ ဖြစ်မည်ဆိုပါလျှင်……
ကျမ ရှင့်ကို အရမ်းမြတ်နိုးပါသည်။
Credit: Testing
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment