Friday, February 19, 2016
"ချစ်သူတွေ လမ်းခွဲကြရတဲ့ အဓိကအကြောင်းရင်း (၆) ခု"
"ချစ်သူတွေ လမ်းခွဲကြရတဲ့ အဓိကအကြောင်းရင်း (၆) ခု"
ချစ်သူဘ၀ဆိုတာ အရမ်းကို ပျော်ရွှင်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဂရုတစိုက်နေထိုင်တတ်ဖို့ လိုပါတယ်။ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကနေ အစိုင်အခဲ ကြီးကြီးမားမား ဖြစ်လာတာမျိုး၊ အမှတ်တမဲ့ နေထိုင်ပြောဆိုလိုက်ရာကနေ ချစ်သူနှစ်ယောက် လမ်းခွဲလိုက်ရတာမျိုးတွေလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် ဘယ်လိုအချက်တွေက ချစ်သူတွေလမ်းခွဲဖို့ အကြောင်းရင်းတွေ ဖြစ်စေတတ်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းမထိန်းချုပ်နိုင်တာ
ချစ်သူဘ၀ အချိန်ကြာကြာ ရေရှည်တည်တံ့ခိုင်မြဲချင်ရင် ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အထိန်းအကွပ်မရှိတဲ့ အပြုအမူ အပြောအဆိုတချို့က ကိုယ်က သူ့ကို ထိခိုက်ဖို့မရည်ရွယ်ရင်တောင် ကိုယ့်ချစ်သူက ထိခိုက်ခံစားရတာတွေ ရှိနိုင်ပါတယ်။
၂။ ရင်းနှီးမှုနည်းပါးခြင်း
တစ်ယောက်စိတ်တစ်ယောက် သိဖို့၊ တစ်ယောက်ကိုတစ်ယောက် အမြဲ နားလည်နေနိုင်ဖို့ဆိုရင် အပြောအဆို၊ အနေအထိုင်၊ အထိအတွေ့တွေ ရင်းနှီးကျွမ်းဝင်မှုရှိဖို့ လိုပါတယ်။ ကိုယ်နဲ့သူနဲ့ အတူတူရှိနေတဲ့အချိန်မှာ ချစ်သူဆိုတဲ့ ခံစားချက်မျိုးမှရမနေရင် သာမန်လူနှစ်ယောက် တွေ့ဆုံတာထက်ပိုပြီး ဘယ်လိုမှ ထူးခြား ပျော်ရွှင်စရာအကြောင်း ရှိလာတော့မှာ မဟုတ်ပါဘူး။
၃။ အချိန်အကြာကြီး စိတ်ဆိုးတာ
ရန်ဖြစ်ရင်တောင် တစ်ရက်တည်းမှာ အပြီးဖြစ်လိုက်ပါ။ ရက်ပေါင်းများစွာ စိတ်ဆိုးနေကြတာ၊ မခေါ်မပြောကြတာ တစ်ယောက်နဲ့တစ်ယောက် ပိုပိုအေးစက်သွားစေတတ်သလို၊ ပိုပိုအနေဝေးသွားစေနိုင်ပါတယ်။
၎။ ကတိလွယ်လွယ်ဖျက်တာ
ကိုယ့်ကို နားလည်မှာပဲဆိုပြီး ပေးထားတဲ့ကတိကို လွယ်လွယ်ဖျက်ပြီး နောက်မှ ပြန်ချော့တာမျိုးလည်း လုံးဝမလုပ်သင့်ပါဘူး။
၅။ ကဗျာမဆန်တတ်တာ
ဘယ်လောက်လူကြီးဆန်တဲ့သူပဲဖြစ်ဖြစ် ချစ်သူနဲ့ဆိုရင်တော့ ကဗျာဆန်ဆန် အနုအရွလေးတွေကို ခံစားချင်ကြတာချည်းပါပဲ။ ဒီအချက်က မလိုအပ်ဘူးလို့ ထင်ရပေမယ့် တကယ်တမ်း ချစ်သူဘ၀အဆင်ပြေနိုင်ဖို့ အကူအညီဖြစ်စေတာ အမှန်ပါပဲ။
၆။ လျှို့ဝှက်ချက်တွေ
ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတာ လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ အသိမပေးဘဲ ထိန်ချန်ထားတတ်တဲ့ အကျင့်က လုံးဝ မကောင်းပါဘူး။ နောက်ပြီး သူမသိတဲ့လျှို့ဝှက်ချက်တွေ အများကြီး ကိုယ့်မှာရှိနေရင်လည်း သူ့အတွက်ရော ကိုယ့်အတွက်ပါ တစ်ချိန်မှာ ပြဿနာ ကြီးကြီးမားမား ဖြစ်လာစေနိုင်ပါတယ်။
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment