Sunday, February 7, 2016

"ကောင်လေးတွေ နားမလည်သော ကောင်မလေးတွေရဲ့ သဘောထား"



Lutaw Lupyaw

"ကောင်လေးတွေ နားမလည်သော ကောင်မလေးတွေရဲ့ သဘောထား"

ကောင်လေးတွေ နားမလည်ဘူး… သူတို့လိုချင်တာ ပိုက်ဆံမဟုတ်ဘူး။ သင့်ရဲ့ တိုးတက်ကြီးပွားအောင် လုပ်ချင်တဲ့ စိတ်ဓာတ်ကိုပါ။

ကောင်လေးတွေ နားမလည်ဘူး… နှစ်ယောက်အတူတူ အခက်အခဲကို ရင်ဆိုင်ဖို့ ကြောက်တာမဟုတ်ဘူး။ ဒီအခက်အခဲကို ရင်ဆိုင်နိုင်တဲ့ သင့်ရဲ့သတ္တိကို အလိုရှိတယ် ဆိုတာပါ။

ကောင်လေးတွေ နားမလည်ဘူး… သင် ရုပ်လှလို့ သက်သက် ချစ်တာမဟုတ်ဘူး။ သင်ဟာ သူမရဲ့ဘ၀ လုံခြုံရေးကို ကုံလုံစေသူဖြစ်လို့ သင့်ကိုချစ်တယ် ဆိုတာကိုပါ။

ကောင်လေးတွေ နားမလည်ဘူး… တခြားသူတွေအပေါ်မှာပဲ ဂရုစိုက်နေလို့ စိတ်ဆိုးတာမဟုတ်ဘူး။ သင့်အနေနဲ့ သူမကို ကောင်းကောင်း တန်ဖိုးထားစေချင်လို့ပါ။

ကောင်လေးတွေ နားမလည်ဘူး… သူတို့ သဘောကျတာ သင့်ဆီက ဈေးကြီးတဲ့ လက်ဆောင်မဟုတ်ဘူး။ အမြဲတမ်း တောင့်တတာက သင့်ဆီက အကြင်နာ နှလုံးသားပါ။

ကောင်လေးတွေ နားမလည်ဘူး… သင့်မှာ ရည်မှန်းချက် ဘယ်လောက် ကြီးမားတယ်ဆိုတာ ဂရုစိုက်တာ မဟုတ်ဘူး။ သင်က ဘယ်လောက်ရိုးသားစွာ သူမအပေါ် စောင့်ရှောက်ပေးနိုင်လဲ ဆိုတာပါ။

ကောင်လေးတွေ နားမလည်ဘူး… သင့်မှာ ဘယ်လောက် ရိုမန်တစ်ဆန်ဆန် စိတ်ကူးတွေ ရှိတယ်ဆိုတာ သူတို့ မသိချင်ဘူး။ သူ တောင့်တတာက သူ့အပေါ်မှာထားတဲ့ အချစ်တွေ တနေ့တခြား ပိုများလာစေဖို့ပါပဲ။

ကောင်လေးတွေ နားမလည်ဘူး… သင့်ဘေးမှာ ကောင်မလေးတွေ အများကြီးရှိလို့ စိတ်ပူတာမဟုတ်ဘူး။ သူ့အပေါ်ထားတဲ့ သင့်ရဲ့အချစ်တွေ ယုတ်လျော့သွားမှာ စိုးလို့ပါ။

ကောင်လေးတွေ နားမလည်ဘူး… သင်ပေးတဲ့ ဥစ္စာပစ္စည်းတွေက အဲလောက် သူမရဲ့ ဆန္ဒတွေကို မပြည့်ဝစေဘူး။ အရေးအကြီးဆုံးက သင်ပေးတဲ့ ချစ်ခြင်းမေတ္တာတရား ဖြစ်တယ်။

ကောင်လေးတွေ နားမလည်ဘူး… သင့်ရဲ့ လက်ရှိ အခြေအနေ ဘယ်လို ဖြစ်တယ်ဆိုတာ သူတို့ အရေးမစိုက်ဘူး။ ဒါပေမဲ့ သင့်မှာ အနာဂတ်ရှိတယ်ဆိုတာ သူတို့ကို ပြသစေချင်တယ်။

ကောင်လေးတွေ နားမလည်ဘူး… သင် သူ့ကိုပေးတဲ့ အချစ်မေတ္တာ ခိုင်မြဲမှုကို တိုင်းတာနေတာ မဟုတ်ဘူး။ သင် သူ့အပေါ် သက်ဆုံးထိ တာဝန်ယူနိုင်ရဲ့လားဆိုတာ အလေးထားတာပါ။

ကောင်လေးတွေ နားမလည်ဘူး… သင့်ရဲ့ ပျော်ရွှင်မှုကို သူမကို ဝေငှပေးတာကို အလိုရှိတာမဟုတ်ဘူး။ သင့်ရဲ့ ပူဆွေးမှု သောကတွေကို အတူ ဝေမျှခံစားပေးချင်တာ ဖြစ်တယ်။

ကောင်လေးတွေ နားမလည်ဘူး… သင့်ဘ၀ရဲ့ ဒုက္ခ လောကဓံရဲ့ ဗျာပါဒတွေကို သူ စိတ်မ၀င်စားဘူး။ သင်နဲ့အတူတူ သက်ဆုံးထိ အဖော်ပြုပေးနိုင်မဲ့ တစ်ယောက်ဟာ သူမ ဟုတ်မဟုတ်ဆိုတာပဲ ဂရုစိုက်ပါတယ်။

စာချစ်သူများအား ကျေးဇူးတင်ပါသည်။
(ဇေယျာ)

Credit: Saik Rott



No comments:

Post a Comment