Thursday, February 18, 2016
"ခေါင်းမာပြီး ပုန်ကန်လိုတဲ့ ကလေးတွေက အသက်ကြီးရင် ပိုအောင်မြင်"
"ခေါင်းမာပြီး ပုန်ကန်လိုတဲ့ ကလေးတွေက အသက်ကြီးရင် ပိုအောင်မြင်"
ခေါင်းမာပြီး ပုန်ကန်လိုတဲ့ကလေးတွေက အသက်ကြီးလာတဲ့အခါမှာ ပိုအောင်မြင်တယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အဆိုပါသုတေသနကို Tuebingen တက္ကသိုလ်မှ ဒေါက်တာ မာရီယွန်စပင်ဂလာက ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး Luxembourgish MAGRIP လေ့လာမှုကနေ အချက်အလက်တွေ ရယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါလေ့လာမှုကို ၁၉၆၈ ခုနှစ်ကတည်းက စတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး ၁၂ နှစ်အရွယ် ကလေးပေါင်း ၃၀၀၀ ကို လေ့လာမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ လိုက်နာရမယ်လို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လေ့ရှိတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ဝင်ငွေမြင့်မြင့်မား ရှိကြတယ်လို့လည်း အဆိုပါသုတေသနက တွေ့ရှိခဲ့ပါတယ်။ ပုန်ကန်လိုတဲ့ကလေးတွေဟာ ပြိုင်ဆိုင်လိုမှု ပိုပြင်းပြီး ရည်မှန်းချက်ကို ထက်သန်ကြကာ သာမန်ဆက်ဆံရေးတွေထက် ပိုတဲ့စရိုက်လက္ခဏာတွေကို တန်ဖိုးထားတာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။
Photos & Source: Daily Mail
Credit: duwun
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment