Lutaw Lupyaw
"မျက်အိတ်တွဲတာကို ဘယ်လိုဖယ်ရှားမလဲ"
အသက် ၃၀ လောက်ကစပြီး မျက်လုံးအောက်မှာ မျက်အိတ်တွေဖြစ်ကာ ညိုလာပါတယ်။ အိပ်ရေးနည်းနည်းပျက်လိုက်ရင် ပိုဆိုးလာပါတယ်။ ဒါကို ကော်ဖီစေ့နဲ့ ဖျောက်လို့ရပါတယ်။
ကော်ဖီစေ့ကိုချေပြီး အုန်းဆီးနဲ့ရောပါ။ ငရုတ်ကောင်းစေ့နက်ကို အမှုန့်ချေပြီး မဆိုစလောက်လေး ထည့်ပါ။ ပြီးရင်တော့ မျက်လုံးအောက်မှာ လိမ်းပေးပြီး ၅ မိနစ် ၁၀ မိနစ်လောက် ထားရမှာ ဖြစ်ပါတယ်။ ကော်ဖီစေ့မှာ အသားအရေ ဖောင်းကြွမှုကို ဟန့်တာပေးမယ့် ပစ္စည်းတွေ ပါဝင်ပါတယ်။ ငရုတ်ကောင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
၅ မိနစ် ၁၀ မိနစ်လောက် ထားပြီးပြီဆိုရင်တော့ ရေဆေးချလိုက်ပါ။ မျက်အိတ်နဲ့ အရောင်ဟာ သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါမယ်။ ဒါဟာ ယာယီအတွက်သာဖြစ်ပြီး အမြဲ ပျောက်ချင်တယ်ဆိုရင်တော့ ပုံမှန် လုပ်ပေးသင့်ပါတယ်။
Photos & Source: DIY & Crafts
Credit: duwun
Wednesday, February 10, 2016
"မျက်အိတ်တွဲတာကို ဘယ်လိုဖယ်ရှားမလဲ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment