Wednesday, February 3, 2016

"မိန်းကလေးတွေ ရည်းစားမတော်ချင်တဲ့ ယောက်ျားများ"



Lutaw Lupyaw

"မိန်းကလေးတွေ ရည်းစားမတော်ချင်တဲ့ ယောက်ျားများ"

ခုချိန်ထိ ရည်းစားတစ်ယောက်မှ မရနိုင်သေးဘူးဆိုရင်တော့ ဒီအချက်တွေနဲ့ ငြိနေလို့ ဖြစ်ပါလိမ့်မယ်။

ချစ်သူများနေ့မှာ လျှောက်လည်ဖို့၊ ချောကလက်နဲ့ ပန်းစည်းတွေ လက်ဆောင်ပေးဖို့ ရည်းစားလေး တစ်ယောက်တောင် မရှိဘူးလား။ အကြောင်းရင်းမသိဘဲ အထီးကျန် လူပျိုကြီးဘဝကို ရောက်နေရပြီဆိုရင်တော့ ဒါလေးတွေ ဖတ်ကြည့်ဖို့ လိုပါလိမ့်မယ်။ မိန်းကလေးတွေ မနှစ်သက်တဲ့ ယောက်ျားအမျိုးအစားထဲမှာ ကိုယ်လည်း ပါဝင်နေနိုင်လို့ အချိန်ရှိတုန်းလေး ပြုပြင်လို့ရတာပေါ့။

၁။ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိ နံစော်နေတဲ့ ယောက်ျားတွေကို မိန်းကလေးတွေ မနှစ်သက်ပါဘူး။

၂။ အလှအပကို ကြိုက်လွန်းပြန်ရင်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ့်ထက် ပိုပြီး လှချင်နေတဲ့ ယောက်ျားတွေကို မိန်းကလေးတွေက မစဉ်းစားချင်ပါဘူး။

၃။ ဒေါသတကြီး ဆဲဆိုတတ်ရင်တော့ ရည်းစားရလည်း ခဏပါပဲ။ သိပ်မကြာခင် ပြတ်သွားနိုင်ပါတယ်။

၎။ မိန်းမဆန်ဆန် အတင်းအဖျင်း ပြောတာမျိုးတွေကိုလည်း မိန်းကလေးတွေက မလေးစားကြပါဘူး။ မလေးစားနိုင်တဲ့အခါ အချစ်ဆိုတာလည်း ဖြစ်ပေါ်ဖို့ ခဲယဉ်းပါတယ်။

၅။ ကိုယ့်အတွက်ပဲ သိပြီး တစ်ဖက်သားကို မငဲ့ညှာတတ်တဲ့ အတ္တသမားဆိုရင်လည်း အချစ်စစ်ကို မရနိုင်ပါဘူး။ ချစ်ရင် ဂရုတစိုက် ကြင်နာပေးရမှာပေါ့။

၆။ ကြွားဝါလွန်းတဲ့ ယောက်ျားတွေ။ မရှိတာကို အရှိလုပ် ဟန်ဆောင် ကြွားဝါနေသူတွေကို မိန်းကလေးတွေက သဘောမကျတဲ့အပြင် အမြင်မကြည်ပါဘူး။

၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေပြီး ဘဝင်မြင့်တယ်လို့ ယူဆရရင်လည်း အဲ့ဒီလိုယောက်ျားတွေကို မိန်းကလေးတွေက ရည်းစားအဖြစ် လက်မတွဲလိုကြပါဘူး။

Credit: duwun



No comments:

Post a Comment