Lutaw Lupyaw
"ဖေ့စ်ဘွတ် Relationship အတွက် သတိထားစရာများ"
ဖေ့စ်ဘွတ်မှာ ချစ်သူဖြစ်သွားတာ၊ လမ်းခွဲလိုက်တာတွေ စတဲ့ Relationship အတွက် ပို့စ်တင်လို့ရတာကို သိကြမှာပါ။
ဖေ့စ်ဘွတ်ပေါ်က Relaionship ပို့စ်အတွက် သတိထားသင့်တဲ့ အချက်အချို့ကို ဖော်ပြထားပါတယ်။
တရားဝင် ဖြစ်ပါစေ
ချစ်သူတွေ ဖြစ်သွားကြတာပဲဖြစ်ဖြစ်၊ လမ်းခွဲလိုက်တာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်မှာ Relationshiop တစ်ခုခုကို တရားဝင် မဖြစ်သေးဘဲ မတင်မိပါစေနဲ့။
ဟန်မဆောင်ပါနဲ့
ဖေ့စ်ဘွတ် Relationship မှာ တစ်ကယ်မဟုတ်ဘူးဆိုရင် Single ဖြစ်တယ်လို့ ဟန်မဆောင်ပါနဲ့။ အမှန်တစ်ကယ် Single ဖြစ်ပြီး ချစ်သူရှာနေသူတွေ ထိခိုက်စေပါတယ်။
လက်တွေ့ဆန်ပါ
ချစ်သူတွေ ဖြစ်ကြပြီဆိုရင် ဖေ့စ်ဘွတ်ပေါ်က Relationship စတေးတပ်နဲ့သာ ကျေနပ်သာယာ မနေမိပါစေနဲ့။ တစ်ကယ့် လက်တွေ့ဘဝမှာ အတူတကွ သွားလာနေထိုင်ပြီး နှစ်ဦးသား ပိုမိုနီးကပ်မှု ရှိသင့်ပါတယ်။
အပြန်အလှန် ပြောစကားတွေကို ဂရုစိုက်ပါ
ကိုယ့်ချစ်သူနဲ့ ဖေ့စ်ဘွတ်မှာ အပြန်အလှန် ပြောထားတဲ့ message တွေကို အခြားလူတွေ မမြင်နိုင်အောင် ဂရုစိုက်ပါ။ ဖေ့စ်ဘွတ်ပေါ်မှာ ကိုယ့်ရဲ့ မိဘ ညီအစ်ကို မောင်နှမတွေ၊ ဆရာသမားတွေနဲ့ အလုပ်ရှင်တွေလည်း ရှိနေနိုင်တာ သတိပြုပါ။
Timeline ကို ကာကွယ်ထားပါ
ကိုယ့်ရဲ့ ဖေ့စ်ဘွတ် Timeline ပေါ်မှာ တစ်ခုခု တင်ခွင့်ပြုတာကို သတိထားပါ။ ချစ်သူနဲ့အတူ ဖေ့စ်ဘွတ်သုံးနေချိန် မမြင်သင့်တဲ့ ဓာတ်ပုံမှာ tag လုပ်ခံရပြီး Timeline မှာ လာပေါ်တာမျိုးက ရှင်းရခက်ပါတယ်။ ဒါ့ပြင် ရည်းစားဟောင်းနဲ့ ကိုယ့်ကို မနာလိုတဲ့ သူငယ်ချင်းတွေက ကိုယ့်ရဲ့ Timeline ပေါ်မှာ သွေးထိုးစကားတွေ လာတင်ကြတာ မကြုံရအောင် ကန့်သတ် ဆောင်ရွက်ထားပါ။
အချစ်ဟောင်းနဲ့ ဝေးဝေးနေပါ
ဖေ့စ်ဘွတ်မှာ အချစ်ဟောင်းတွေနဲ့ ဝေးဝေးနေပါ။ အရင်တုန်းက ချစ်သူဖြစ်ခဲ့ဖူးသူတွေနဲ့ ဖေ့စ်ဘွတ်မှာ ဆက်ဆံမှုတွေ ရှိနေတာက လက်ရှိ Relationship ကို ထိခိုက်တတ်ပါတယ်။ ကမ္ဘာကြီးက ကျဉ်းသလို ဖေ့စ်ဘွတ်က ပိုကျဉ်းပါတယ်။
ဓာတ်ပုံတွေကို ရှင်းလင်းထားပါ
ချစ်သူက မြင်တွေ့သွားရင် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ကိုယ့်ရဲ့ ဓာတ်ပုံတွေကို အချိန်ပေးပြီး ရှင်းလင်း ဖယ်ရှားထားသင့်ပါတယ်။
Source & Photo: ReRules, TechCentral
Credit: duwun
Thursday, February 11, 2016
"ဖေ့စ်ဘွတ် Relationship အတွက် သတိထားစရာများ"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment