Tuesday, February 23, 2016

"သုတေသနပြုချက်များအရ လူတွေက ကိုယ့်ချစ်သူထက် ဖုန်းကိုပိုပြီး ဂရုစိုက်ကြောင်းသိရ"


"သုတေသနပြုချက်များအရ လူတွေက ကိုယ့်ချစ်သူထက် ဖုန်းကိုပိုပြီး ဂရုစိုက်ကြောင်းသိရ"

နေ့လည်စာစားချိန်မှာ ကိုယ့်ဖုန်းကို တစ်ချက်မျှ မကြည့်ဘဲ စားနိုင်ကြပါသလား။ အရေးကြီးတဲ့သူတစ်ယောက်နဲ့ စကားပြောနေချိန်မှာတောင် ဖုန်းရဲ့ မက်ဆေ့ခ်ျဝင်သံလေးကို မတုန့်ပြန်မိဘဲ နေနိုင်ကြပါသလား။ နည်းပညာသုံးစွဲမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး စစ်တမ်းကောက်ယူတဲ့အခါမှာ ၅၈% သော လူများက ဖုန်းမသုံးဘဲ တစ်နေ့တောင် မနေနိုင်ဘူးလို့ ဖြေကြပါတယ်။ ၂၈% သော သူတွေကသာ သူတို့ချစ်သူနဲ့ တစ်နေ့တာ စကားမပြောဘဲ မနေနိုင်ကြောင်း အင်္ဂလန်နိုင်ငံ  Building Society’s FlexPlus က ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

စစ်တမ်းမှ ရရှိသော တွေ့ရှိချက်များအရ အချစ်ဆိုတာ အမှန်တကယ် ရှိသေးရဲ့လားလို့ သံသယရှိစရာတောင် ကောင်းပါတယ်။ မနက်အိပ်ယာနိုးတဲ့အခါမှာ ကိုယ့်ချစ်သူနဲ့ စကားမပြောခင် ဖုန်းကို အရင်ကြည့်တဲ့သူက ၅၃% ရှိပါတယ်။ ၄၂% သော သူတွေကတော့ သူတို့ဖုန်းပျောက်ခဲ့တဲ့ အချိန်ကို မမေ့ကြပေမဲ့ သူတို့ရဲ့ နှစ်ပတ်လည်နေ့တွေကို သတိမရကြပါဘူး။ ၆၆% သော သူတွေကတော့ သူတို့လက်ထဲမှာ ဖုန်းမရှိရင် ပူပင်သလို၊ မပျော်ရွှင်သလို ခံစားကြရတယ်လို့ ဆိုပါတယ်။

Huffington Post ရဲ့ အဆိုအရ လူအများစုက ဖုန်းကို အိပ်ယာထဲတင်မကဘဲ ရေချိုးခန်းထဲ အိမ်သာထဲအထိတောင် ယူဆောင်သွားတတ်တယ်လို့ ဆိုပါတယ်။ လူတွေက ကိုယ်ချစ်တဲ့သူနဲ့ အချိန်ကုန်ဖို့ထက် ဖုန်းတွေကို ပိုပြီး ဦးစားပေးလာတာကို တွေ့ရှိရပါတယ်။ အမှတ်တရ အချိန်တွေ သတင်းအချက်အလက်တွေ အဆက်အသွယ်တွေ အားလုံးကို စက်တစ်လုံးထဲမှာပဲ သိမ်းထားတဲ့ အကျင့်က ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာနေပါပြီ။

ဒါကြောင့် ကိုယ့်ချစ်သူဆီက လက်ဆောင်အဖြစ်တောင်းရမယ့် အရာထဲမှာ သူ ကိုယ့်ဘေးမှာရှိတဲ့အချိန် ဖုန်းကို ပိတ်ထားဖို့ တောင်းဆိုရမယ့် လက်ဆောင်သစ်တစ်ခု ရှိလာပြီ ဖြစ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment