Wednesday, April 6, 2016
"လက်တွဲဖော် ချစ်သူနဲ့ ပြသနာတက်တိုင်း သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်"
"လက်တွဲဖော် ချစ်သူနဲ့ ပြသနာတက်တိုင်း သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်"
ကိုယ့်ချစ်သူ လက်တွဲဖော်နဲ့ ပြဿနာတက်ပြီဆိုတာနဲ့ ဒေါသထွက်ပြီး ပြောချင်တာတွေ ပြောချမိတာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီလိုမဟုတ်လည်း ကြိတ်ပြီး ခံစားတာမျိုး၊ စိတ်မကောင်းဖြစ်တာမျိုးတွေ ရှိဖူးမှာပါ။ ဒီလိုမျိုးတွေ ခံစားရတိုင်း၊ ဒေါသတွေ ထွက်ရတိုင်း သင့်ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ ကြည့်ရအောင်။
အာဟာရမဖြစ်တဲ့ အလွယ်စာ စားလိုစိတ်ဖြစ်စေတဲ့ ဟော်မုန်းထုတ်ပေး
မိမိလက်တွဲဖော်နဲ့ အပြင်းအထန် ငြင်းခုံအငြင်းပွားမှု ဖြစ်ခြင်းက ghrelin ခေါ် အစာစားလိုစိတ် ပုံမှန်ဖြစ်စေတဲ့ ဟော်မုန်းပမာဏ မြင့်တက်စေကြောင်း မကြာသေးမီက လေ့လာမှုအရ သိရပါတယ်။
ရန်လိုမှု၊ ဝေဖန်ပြောဆိုခြင်း စတာတွေက ယင်းဟော်မုန်း တိုးပွားစေတဲ့ အဓိက အပြုအမူတွေ ဖြစ်ပါတယ်။ အဲဒီလို အပြုအမူတွေ များများဖြစ်ပေါ်လေလေ၊ ghrelin ပမာဏ ပိုမြင့်တက်လာလေလို့ ဆိုပါတယ်။ ဒါ့ကြောင့် အဲဒီအချက်ကို သိရုံဖြင့် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
မိမိနှလုံးကို ထိခိုက်စေနိုင်
သုတေသီတွေက စုံတွဲတွေထဲမှာ တခါတလေ ကူညီတတ်ကြပြီး တခါတလေကျတော့လည်း စိတ်ကောက်လိုက်ဖြစ်နေတတ်တဲ့ စိတ်နှစ်ခွ ချစ်သူစုံတွဲတွေအကြောင်း လေ့လာကြည့်တဲ့အခါ သူတို့မှာ သွေးပေါင်တက်ခြင်း၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါ စတဲ့ ကျန်းမာရေးချို့ယွင်းမှု အန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
နောက် မိမိလက်တွဲဖော်နဲ့ ရန်ဖြစ်လိုက်ပြီဆိုရင် သင်ဟာ စိတ်ကြည်လင်မှု ရရှိစေဖို့ စိတ်ဖိစီးမှု ပြေပျောက်စေဖို့ လမ်းလျှောက်ထွက်ပါ။ နောက်ပြီး အဆင်ပြေနေချိန်မှာတော့ ကျန်းမာရေးကောင်းအောင်လည်း နေထိုင်ပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေး လုပ်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ ပုံမှန် စားသုံးပေးပါ။
စိတ်ကျရောဂါ စတင်ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးစေနိုင်
ချစ်သူလက်တွဲဖော်နဲ့ ငြင်းခုံစကားများခြင်းက မိမိကို ဝမ်းနည်းစေတာ အံ့သြစရာမဟုတ်ပေမယ့် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အိမ်ထောင်ကိစ္စမှာ စိတ်ဆင်းရဲရတာက စိတ်ကျရောဂါ အဖြစ်များကြောင်း မကြာသေးမီ လေ့လာမှုတစ်ခုက ဆိုပါတယ်။ စိတ်ကျရောဂါရှိကြောင်း မှတ်တမ်းရှိထားသူတွေဟာ လက်တွဲဖော်နဲ့ ငြင်းခုံရန်ဖြစ်ပြီးနောက်ပိုင်း ကိုယ်အလေးချိန် ပိုများတဲ့ အထောက်အထားလည်း ရှိပါတယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment