Sunday, April 3, 2016
"သင့်ချစ်သူ သင့်အပေါ် လိမ်ညာနေတာ ဟုတ်မဟုတ် သိစေဖို့"
သင့်ချစ်သူဟာ ခုတလော မူမမှန်ဖြစ်နေတယ်လို့ သင်ထင်မြင်မိနေပါသလား၊ သင့်နောက်ကွယ်မှာ တစ်ခုခု မရိုးမသားလုပ်နေတယ်လို့ ထင်ရင် လူတစ်ဦးတစ်ယောက် အမှန်တရား ပြော၊ မပြော ထုတ်ဖော်ပေးတဲ့ မျက်နှာရိပ်နိမိတ်တွေနဲ့ ဖော်ထုတ်ကြည့်လိုက်ပါ၊
ထောက်လှမ်းရေးတစ်ဦးဖြစ်တဲ့ Mark Bouton က ဝက်ဘ်ဆိုက်တစ်ခုမှာ ရေးသားချက်အရတော့ "ကျုပ် FBI သူလျို နှစ် ၃၀ လုပ်ခဲ့ပြီး ရာဇဝတ်သားများ လိမ်လည်ပြောဆိုတဲ့အခါ သူတို့အပြုအမူ အကဲခတ်လေ့လာခဲ့ပါတယ်။ လက်တွေခြေတွေ လှုပ်ရှားဟန်၊ မျက်နှာအမူအရာနဲ့ နှုတ်ဖြင့် လိမ်လည်တုံ့ပြန်ပြောဆိုမှုကိုလည်း ကျယ်ပြန့်စွာ သုတေသနပြု လေ့လာခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
တချို့တုံ့ပြန်ချက်တွေဟာ ကြောက်လန့်မှုကြောင့်ဖြစ်ပြီး တချို့က ခန္ဓာကိုယ်အတွင်း ဇီဝဓာတ်ပြုမှုတွေကြောင့်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။ လူတစ်ယောက်မှာ အောက်ပါ အပြုအမူ တစ်ခုထက်ပိုပြီး တွေ့မြင်ရပါက သင့်ကို လိမ်ညာဖို့ သေချာသလောက်ရှိနေပါပြီတဲ့။ အဲ့ဒါကတော့ ဇီဝဓာတ်ပြုမှု လိမ်ပြောတဲ့အချိန်မှာ လူ့မျက်နှာကို ယားယံစေပါတယ်။ နှာခေါင်း သို့မဟုတ် ပါးကို ထိကိုင်တယ် သို့မဟုတ် နှာခေါင်းအောက်မှာ လက်ချောင်း ပွတ်သပ်နေရင် အဲဒါတွေက အချက်ပြတဲ့ အရာတွေ ဖြစ်ပါတယ်။
လိမ်ညာနေတဲ့အချိန် သူတို့ဟာ အာတွေ ခြောက်လာပါလိမ့်မယ်၊ ချွဲသလိပ်တွေ ထွက်မယ်။ ဒီတော့ ချောင်းတွေ ခဏခဏဆိုးပြ ဒါမှမဟုတ် လည်ချောင်း မကြာခဏ ရှင်းတာတွေ လုပ်ပါလိမ့်မယ်။ နှုတ်ခမ်း ကိုက်တတ်ကြတယ်။ မျက်လုံးတွေ ဘယ်ညာ၊ အပေါ်အောက် ပေကလတ်ပေကလတ် ရွေ့လျားတတ်ပါတယ်။ မျက်တောင် မှိတ်တုတ်မှိတ် ခတ်နေတယ်၊ ၁၀ စက္ကန့်/ စက္ကန့် ၂၀ တစ်ခါမက ပုံမှန်ထက် မြန်နေရင် မရိုးသားဖို့ အလားအလာ ပိုများပါတယ်။
ကဲ ဒီနည်းလေးတွေနဲ့ သင့်ချစ်သူ သင့်အပေါ် လိမ်ညာနေတာ ဟုတ်မဟုတ် ဖော်ထုတ်ကြည့်လိုက်ပါဦး။
ဟန်နီ
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment