Wednesday, April 6, 2016

"လူမှုမီဒီယာများတွင် ချစ်သူခင်သူများလိုလျှင် ခြေလက်များ ဆန့်တန်းထားသည့် ပုံများကို တင်ပါ"


"လူမှုမီဒီယာများတွင် ချစ်သူခင်သူများလိုလျှင် ခြေလက်များ ဆန့်တန်းထားသည့် ပုံများကို တင်ပါ"

အောင်သွယ် ၀က်ဘ်ဆိုက် အသုံးပြုသူများသည် လက်တွဲဖော် ရရှိလာရန် နည်းလမ်းမျိုးစုံ သုံးလေ့ ရှိတတ် ကြသည်။

ဒိတ်လုပ်ပေးသည့် ၀က်ဘ်ဆိုက်များတွင် ပရိုဖိုင်းပုံ တင်မည်ဆိုပါက ခြေလက်များကို ဆန့်တန့်ထားဖို့ လိုအပ်ကြောင်း လေ့လာမှုတစ်ခုက အကြံပြုလိုက်ပြီ ဖြစ်သည်။ လက်ခြေများကို ဆန့်တန်းထားသူများသည် လက်ပိုက်ထားသူများ၊ ကိုယ်ကို ကျုံ့ထားသူများထက် ပိုမို ဆွဲဆောင်မှု ရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

လျှင်မြန်စွာ ဆုံးဖြတ်ချက်ချတတ်သည့် ယနေ့ခေတ် ဒိတ်လုပ်မှုများတွင် ခန္ဓာကိုယ်ကို ကျုံ့မထားဘဲ ဆန့်ထုတ်နိုင်ခြင်းက ချစ်သူရှာရာတွင် ပိုမို အောင်မြင်မှုရနိုင်ကြောင်း လေ့လာမှုကို  ဦးဆောင်ပြုလုပ်ခဲ့သည့် ဘာကီလီရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ တန်ညာဗာချာကူလ်ဆမ်ဆုခ်က ဆိုသည်။

ပညာရှင်များသည် Tinder ကဲ့သို့ ဒိတ်လုပ်နိုင်သည့် အပလီကေးရှင်း တစ်ခုကို အသုံးပြုခဲ့သည်။ ပညာရှင်များသည် အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးတို့အား ကွဲပြားသော ပရိုဖိုင်းနှစ်ခုကို ဖန်တီးစေခဲ့သည်။ တစ်ခုတွင် ခြေလက်များကို ဆန့်ထားသော ပုံများကို ဖော်ပြစေပြီး အခြားတစ်ခုတွင်မူ လက်ပိုက်ထားပြီး ခြေထောက်များကို ချိတ်ထားသည့် ပုံများကို ဖော်ပြစေခဲ့သည်။

ခြေလက်များကို ဆန့်ထုတ်ထားသည့်  ပုံများကို ဖော်ပြထားသည့် ပရိုဖိုင်းများကို လူကြိုက်များကြကြောင်း တွေ့ရှိခဲ့သည်။ ခြေလက်များကို ဆန့်ထုတ်ထားခြင်းသည် ပွင့်လင်းမှုရှိပြီး လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း ယူဆမှုကြောင့် ဖြစ်နိုင်သည်ဟု သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။

လူလူငြိမ်း

Credit: messenger

No comments:

Post a Comment