Sunday, April 17, 2016

"ရင်ခုန်စိတ်လှုပ်ရှားဖွယ် လက်ထပ်ခွင့်တောင်းနည်း (၇) မျိုး"


"ရင်ခုန်စိတ်လှုပ်ရှားဖွယ် လက်ထပ်ခွင့်တောင်းနည်း (၇) မျိုး"
   
လက်ထပ်ခွင့်တောင်းလျှင် ချစ်သူအား စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြည်နူးစရာလေးတွေ ဖန်တီးပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။အောက်ပါ နည်းလမ်းကောင်းများကတော့ ရိုမန်တစ်ဆန်ပြီး တစ်သက်တာအတွက် အမှတ်ရနေစေသော
နည်းလမ်းများဘဲ ဖြစ်ပါတယ်။

၁။ မိမိချစ်သူနှင့်တစ်ထပ်တည်းကျအောင်ခံစားပါ။

လက်ထပ်ခွင့်တောင်းသောအခါ သင် ပထမဦး ဆုံးလုပ်ဆောင်ရမှာကတော့ မိမိချစ်သူရဲ့နေရာမှာ အစားထိုး ဝင်ရောက်ခံစားကြည့်ပြီး သူမနေရာမှာဆို ဘယ်လိုပုံစံဖြင့် လက်ထပ်ခွင့် တောင်းခံရရင် အလွန်ပျော်ရွင်မည်လည်းဟု စဉ်းစားပေးပါ။ ကဗျာဆန်သော စကားလုံးများနှင့် ရုပ်ရှင်ဆန်သော အပြင်အဆင်များကို မိမိရဲ့ ကိုယ်ပိုင်စိတ်ကူးများနဲ့ ပေါင်းစပ်ပြီး
ပြင်ဆင်ပေးပါ။

၂။ ဖယောင်းတိုင်ကိုအသုံးပြုပါ။

ဖယောင်းတိုင်ကို အသုံးပြုလျှင် အထက်တန်းဆန်သော အမြင်ကို ရရှိစေပါတယ်။ ဖယောင်းတိုင်ရဲ့ အလင်းရောင်သည် ရိုမန်တစ် ဖြစ်စေပါတယ်။ ချစ်သူကိုယ်တိုင် ပြင်ဆင်ပေးနေသော ညစာ၊ ရိုမန်တစ်ဆန်သော အပြင်အဆင်များကို ချစ်သူမိန်းကလေးတိုင်း တန်ဖိုးထား စွဲလမ်းနှစ်သက်ကြပါတယ်။

၃။ မိမိတို့ချစ်သူနှစ်ဦး ပထမဦးဆုံးဆုံတွေ့ခဲ့သော နေရာ။

မိန်းကလေးတိုင်းသည် မိမိချစ်သူက မိမိတို့ရဲ့ အမှတ်တရနေ့၊ နေရာများကို အစဉ်အမြဲ သတိတရရှိနေစေဖို့ကို လိုလားကြပါတယ်။ ထို့ကြောင့် မိမိတို့ချစ်သူနှစ်ဦး ပထမဦးဆုံး ဆုံတွေ့ခဲ့တဲ့ နေရာလေးမှာ လက်ထပ်ခွင့်တောင်းလျှင် သူမရဲ့စိတ်ကို လှုပ်ရှားစေပြီး တစ်သက်တာအတွက် အမှတ်ရနေမှာဘဲ ဖြစ်ပါတယ်။

၎။ ထူးခြားတဲ့နေ့

ချစ်သူရဲ့မွေးနေ့၊ နှစ်ပတ်လည်နေ့၊ ချစ်သူများနေ့၊ ခရစ်စမစ် စသည့် နေ့ထူးနေ့မြတ်များကို ရွေးချယ်ပြီး လက်ထပ်ခွင့်တောင်းလျှင် ပိုပြီး ရိုမန်တစ်ဖြစ်စေပါတယ်။ ရက်ကိုလည်း မှတ်ရလွယ်ကူပြီး တစ်သက်တာအတွက် အမှတ်တရလည်း ဖြစ်စေပါတယ်။

၅။ ရုပ်ရှင်ကြည့်နေရင်း Surprise လုပ်ပါ။

အရမ်းကို ပျော်ရွင်စရာကောင်းသော လက်ထပ်ခွင့် တောင်းနည်းလေးပါ။ ရုပ်ရှင်ဇာတ်လမ်းတို တစ်ကားတွင် မိမိပြောချင်သော ရိုမန်တစ်ဆန်သော စာသားများကို ရုပ်ရှင်ရဲ့ အလည်ပိုင်းမှာ ထည့်ထားပါ။ ပြီးနောက် မိမိချစ်သူနှင့် အတူတူ ရုပ်ရှင်ကြည့်ချင်ယောင် ဆောင်ပါ။ မိမိထည့်သွင်းထားသော စာသားများပေါ်လာလျှင် ပန်းစည်းဖြင့် ကိုယ်တိုင် လက်ထပ်ခွင့်တောင်းလိုက်ပါ။ အရမ်းကို ကြည်နူးစရာ ကောင်းပါတယ်။

၆။ T- Shirt ကိုအသုံးပြုပါ။

T- Shirt ပေါ်မှာ Will You Marry Me? စာသား သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ စာသားများကို ရိုက်နှိပ်ပြီး ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့် တောင်းပါ။

၇။ ရေဒီယို ကိုအသုံးပြုပါ။

ရေဒီယို အစီအစဉ်တစ်ခုမှ မိမိရင်ထဲက စကားသံများကို ဖော်ပြပြီး လက်ထပ်ခွင့် တောင်းပါ။ မိမိတို့ရန်ဖြစ်ခဲ့တာ၊ ပျော်ရွှင်ခဲ့တာ စသည့် အကြောင်းအရာများနှင့်တကွ သူမကြိုက်နှစ်သက်သော သီချင်းလေးဖြင့် လက်ထပ်ခွင့် တောင်းပေးပါ။

D-bear (Shwemom)

Credit: Shwemom

No comments:

Post a Comment