Friday, April 1, 2016
"အမြဲတမ်း ရှောင်သင့်တဲ့ ကိုယ်ဟန်အမူအရာ (၁၀) မျိုး"
"အမြဲတမ်း ရှောင်သင့်တဲ့ ကိုယ်ဟန်အမူအရာ (၁၀) မျိုး"
လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ဘယ်တော့မှ မလုပ်သင့်တဲ့ ကိုယ်အမူအရာ (၁၀) မျိုး ရှိပါတယ်။
လူတွေနဲ့ ပြောဆိုဆက်ဆံရေးမှာ ခန္ဓာကိုယ်ရဲ့ ပြောဆိုလှုပ်ရှားမှုဟန်ပန်ဟာ အလွန် အရေးကြီးပါတယ်။ လုပ်ငန်းခွင် အင်တာဗျူးမှာ သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကလည်း အရေးကြီးသလို အင်တာဗျူးသူနဲ့ တွေ့တဲ့အခါ သင့်ရဲ့ ဟန်ပန်ကလည်း အရေးကြီးပါတယ်။
သင်ဟာ လူမှုဆက်ဆံရေးမှာ အောင်မြင်သူ ဖြစ်ချင်တယ်ဆိုတော့ အခုဖော်ပြမယ့် ခန္ဓာကိုယ် ဟန်ပန်အမူအရာတွေကို ရှောင်ရှားသင့်ပါတယ်။
၁။ စကားပြောနေသူနှင့် မျက်လုံးလွှဲထားတာမျိုး မလုပ်သင့်ပါဘူး။
၂။ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့လည်း လူကြားထဲမှာ မနေသင့်ပါဘူး။ အထူးသဖြင့် သင် စကားနေပြာနေတဲ့အချိန်မှာ ပြုံးပါ။
၃။ အစည်းအဝေးတွေနဲ့ တွေ့ဆုံပွဲတွေမှာ အခြားသူ စကားပြောနေချိန် ကိုယ်က ဘောပင်၊ စာရွက်တွေနဲ့ ဆော့ကစားမိနေတာမျိုး မလုပ်သင့်ပါဘူး။
၎။ ခန္ဓာကိုယ်ဟန်ပန်က ပျင်းရိ လေးကန်နေသယောင် ခြေပစ်လက်ပစ် ဖြစ်နေတာလည်း မလုပ်သင့်ပါဘူး။ ဒါ မလေးစားတဲ့ ပုံစံ ဖြစ်ပါတယ်။
၅။ ဆံပင်ခဏခဏ သပ်တာ၊ မျက်နှာပွတ်တာနဲ့ လက်ချောင်းတွေ ကစားနေတာမျိုး ရှောင်ပါ။
၆။ လက်ပိုက်ပြီး လက်ကို အထဲဖွက်ထားတာမျိုး မလုပ်သင့်ပါဘူး။ လက်ဖဝါးတွေကို အပြင်မှာ ထားပါ။
၇။ လက်ဆွဲနှုတ်ဆက်တဲ့အခါ တစ်ဖက်သူရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ပါ။ အားမရှိတဲ့ ပုံစံမျိုးနဲ့ မနှုတ်ဆက်မိအောင် ရှောင်ပါ။
၈။ စကားပြောရင်း လက်နဲ့ သရုပ်ဖော်လွန်းတာ အလွန်အကျွံမဖြစ်အောင် ရှောင်ပါ။ တစ်ဖက်သူ မျက်စိနောက်နိုင်ပါတယ်။
၉။ အလွန်အကျွံခေါင်းငြိမ့်တာမျိုးလည်း ရှောင်ပါ။
၁၀။ နာရီနဲ့ ဖုန်းကို တတ်နိုင်သမျှ မကြည့်ပါနဲ့။
Source & Photos : Business Insider
Credit: duwun
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment