Wednesday, April 6, 2016

"ချစ်သူနဲ့ လုပ်ငန်းခွင်တစ်ခုတည်းမှာ လုပ်ကိုင်ရတဲ့ ကောင်းကျိုး (၃) ခု"


"ချစ်သူနဲ့ လုပ်ငန်းခွင်တစ်ခုတည်းမှာ လုပ်ကိုင်ရတဲ့ ကောင်းကျိုး (၃) ခု"

ချစ်သူနဲ့အတူ လုပ်ငန်းခွင်တစ်ခုတည်းမှာ ရှိနေရခြင်းက တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က မပျောက်စတမ်း ရှိနေခွင့်ရမှာပါ။ ချစ်သူနဲ့အတူ ရုံးတက်ရုံးဆင်းလို့ ရတာမျိုးတွေလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။ ချစ်သူနဲ့အတူ အလုပ်တစ်ခုတည်းမှာ လုပ်ကိုင်ရတဲ့ ကောင်းကျိုးတွေကို ဖော်ပြလိုက်ပါတယ်။

(၁) အမြဲအတူတူရှိခွင့်ရတယ်

သူဘာလုပ်နေသလဲဆိုတာ တကူးတက စုံစမ်း မေးမြန်းနေစရာမလိုပါဘူး။ ချစ်သူရဲ့ မျက်နှာကိုလည်း အမြဲမြင်တွေ့ခွင့်ရနေလို့ လွမ်းရတဲ့ဒဏ် မခံစားရတော့ဘူးပေါ့။

(၂) တိုင်ပင်ဆွေးနွေးလို့ရတယ်

ကိုယ့်အလုပ်အခက်အခဲ အကြပ်အတည်းတွေ၊ ပြဿနာတွေကို သူနဲ့တိုင်ပင်ပြီး ဆွေးနွေး အကြံတောင်းလို့ရတယ်။ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီလို့ ရနိုင်တာကြောင့် လုပ်ငန်းခွင်တစ်ခုမှာ အတူတူလုပ်တာ ကောင်းပါတယ်။

(၃) အနီးကပ်လေ့လာနိုင်

သူက အလုပ်ကို ဘယ်လိုလုပ်တတ်သူလဲ၊ ဘယ်လောက်စေ့စပ်သေချာလဲ၊ အလုပ်ကို တန်ဖိုးထားတတ်သူလား စသဖြင့် မျက်မြင်ကိုယ်တွေ့ အကဲခတ် လေ့လာလို့ ရပါလိမ့်မယ်။ ဘဝတစ်လျှောက်စာ လက်တွဲရမယ့်လူကို သေသေချာချာ လေ့လာဆန်းစစ်ဖို့ အခွင့်ကောင်းတစ်ခုပါပဲ။

Credit: duwun

No comments:

Post a Comment