Monday, April 25, 2016

"သင့်အသည်းကို ခွဲသွားခဲ့သူကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်း (၇) ချက်"


"သင့်အသည်းကို ခွဲသွားခဲ့သူကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်း (၇) ချက်"

ကောင်းခြင်းတွေက အခုမှ စတာပါ။

သူက သင့်အသည်းကို ရက်ရက်စက်စက် ခွဲသွားတဲ့အတွက် သင် သူ့ကို မုန်းနိုင်ပါတယ်။ ဒါပေမဲ့ သင် အသည်းကွဲတာက မကောင်းဘူးလို့ ထင်နေသလား။ ဒီအချက်တွေကို စဉ်းစားကြည့်လိုက်ပါ။

၁။ သူ့ရဲ့စိတ်ရင်း အစစ်အမှန်ကို သိလိုက်ပြီ

ရည်းစားဘဝမှာ သူ တောက်လျှောက်လိမ်ခဲ့သမျှ အခု သူဘာလဲဆိုတာ သင် သိလိုက်ပြီလေ။ သူဟာ သင်ထင်တဲ့သူမျိုး မဟုတ်တဲ့အတွက် ဝမ်းနည်းစရာပေမဲ့ သူလှည့်စားနေတာတွေကို သင် သိခွင့်ရလိုက်ပြီ။

၂။ သင့်ရဲ့ အကောင်းဆုံးနေ့ရက်တွေ ရောက်မလာသေးဘူး

သင့်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံး နေ့ရက်တွေကို ဖန်တီးပေးမယ့်သူဆီ ရောက်ဖို့ ခြေတစ်လှမ်း နီးကပ်သွားပါပြီ။ သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့အတွက် သင့်ရဲ့လှပတဲ့အနာဂတ်ကို လွတ်လွတ်လပ်လပ် ရှာဖွေနိုင်သွားပြီ။

၃။ သင့်ရဲ့ဇာတ်လမ်းက မပြီးသေးဘူး

သူဟာ မကောင်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်တဲ့အတွက် ယောက်ျားတိုင်း ဒီလိုပဲလို့ မတွေးလိုက်ပါနဲ့။  သင့်မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ပေးနိုင်တဲ့သူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေပါတယ်။ ဒါဟာ အဆုံးသတ် မဟုတ်ပါဘူး။

၎။ ဘဝလက်တွဲဖော်မဟုတ်တဲ့သူနဲ့ သင် အတူရှိမနေတော့ဘူး

သင့်ရဲ့ လက်တွဲဖော် အစစ်အမှန်မဟုတ်တဲ့သူနဲ့ သင် ဘယ်လောက်နှစ်တွေကြာကြာ ထပ်မံ ကုန်ဆုံးသွားနိုင်လဲဆိုတာ စဉ်းစားကြည့်ပါ။ အခုလို သူနဲ့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်တဲ့အတွက် သင့်ရဲ့အချိန်တွေ နောက်ထပ် ပြုန်းတီးမကုန်တော့ပါဘူး။ သင်နဲ့ တကယ်သင့်တော်သူကို ရှာဖွေနိုင်ပြီလေ။ ဘဝတိုတိုလေးမှာ သင်နဲ့ ထာဝရလက်မတွဲနိုင်တဲ့ ယောက်ျားတစ်ယောက်အကြောင်းကို စဉ်းစားပြီး ဘာလို့ အချိန်ဖြုန်းနေမှာလဲ။

၅။ သင်က ဘယ်လိုလူလဲ၊ သင် ဘာလိုချင်တာလဲဆိုတာ သိလာလိမ့်မယ်

အဆင်မပြေတဲ့ ဆက်ဆံရေးတစ်ခုကနေ သင်ခန်းစာတွေ အများကြီးရပါတယ်။ အခုဆိုရင် လူတစ်ယောက်နဲ့ ပတ်သက်ပြီး သင် ဘာကို သဘောကျတယ်၊ ဘာကိုသဘောမကျဘူး၊ သင်ဖြစ်ချင်တာ ဘယ်လိုဆိုတာကို ကောင်းကောင်း နာလည်သွားပါလိမ့်မယ်။

၆။ သူနဲ့ အတူတကွနေဖို့ ဆုံးဖြတ်ခဲ့ရင် သင် ပျော်ရွှင်ရမှာမဟုတ်ဘူး

ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်သူ ဒါမှမဟုတ် ကိုယ့်အပေါ် တကယ်မကြင်နာသူနဲ့သာ သင့်ဘဝကို ထူထောင်မိခဲ့ရင် သင် ဘယ်တော့မှ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရမှာမဟုတ်ပါဘူး။ သင့်ဘဝမှာ ဖြစ်နေတဲ့ အဆိပ်အတောက်ကို သင် ဖယ်ရှားလိုက်တာပါ။ အခုဆိုရင် သင်ဟာ လွတ်လပ်သွားပါပြီ။ အခုချိန်မှာ ခံစားရပေမဲ့ တချိန်မှာ သူနဲ့ အတူရှိနေစဉ်ကထက် အများကြီး ပျော်စရာကောင်းတဲ့ အချိန်တွေကို သင် ပိုင်ဆိုင်ရတော့မှာပါ။

၇။ အဆုံးသတ်ကို ကြောက်မနေရတော့ဘူး

သူနဲ့ လမ်းခွဲတော့မယ်လို့ ဆုံးဖြတ်ချိန်မှာ တစ်ယောက်တည်းဖြစ်ရမှာကို သင် အရမ်းကြောက်ခဲ့တယ်။ အခု တကယ် တစ်ယောက်တည်း ဖြစ်သွားတဲ့အခါ တစ်ကိုယ်တည်းဘဝက ထင်သလောက် မဆိုးဘူးဆိုတာ သင် သိလာတယ်။ လွတ်လပ်မှုရဲ့ အရသာကို အပြည့်အဝ သင် ခံစားရပြီ။ အမြဲတမ်း ပျော်စရာကောင်းမနေတဲ့ အချစ်ရေးတွေထက် လွတ်လပ်ပေါ့ပါးတဲ့ တစ်ကိုယ်တည်းဘဝကို ဘာလို့ ကြောက်ရွံ့ခဲ့မိပါလိမ့်လို့ တွေးမိလာမယ်။

Source & Photos : Life

Credit: duwun

No comments:

Post a Comment