Tuesday, April 5, 2016

"မိခင်ကို တွယ်တာတဲ့သားတွေရဲ့ ချစ်စရာကောင်းတဲ့အချက် (၅) ချက်"


"မိခင်ကို တွယ်တာတဲ့သားတွေရဲ့ ချစ်စရာကောင်းတဲ့အချက် (၅) ချက်"

မိခင်ကို တွယ်တာလွန်းတဲ့ သားတွေကလည်း တမျိုး ဆွဲဆောင်မှုရှိပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူကြပါဘူး။ တချို့က နူးညံ့တာကို သဘောကျတယ်။ တချို့က ထက်မြက်တာကို ကြိုက်တယ်။ တချို့က ရာထူးဂုဏ်ကို မက်မောတယ်။ တချို့ကတော့ မိခင်ကို တွယ်တာတဲ့ သားတွေကမှ ချစ်ဖို့ကောင်းပါသတဲ့။

၁။ ကိုယ့်ကျင့်တရားရဲ့တန်ဖိုးကို သိရှိနားလည်အောင်ပြောဆိုပြီး ပြုစုပျိုးထောင်ခံရသူတွေ ဖြစ်တယ်

သူဟာ မိခင်နဲ့ အရမ်းကို သင့်မြတ်တဲ့သူဆိုရင် အချစ်တွေ၊ လေးစားမှုတွေနဲ့ စည်းကမ်းအောက်မှာ နေရတာကို မညည်းညူဘဲ လိုလိုလားလား လက်ခံတဲ့သူဆိုတာ ထင်ရှားပါတယ်။

၂။ အမျိုးသမီးတွေကို လေးစားတယ်

သူ့အမေရဲ့ သင်ပြမှုကြောင့်သာမကဘဲ အမေနဲ့ အနေနီးတဲ့သူဖြစ်တဲ့အတွက် အမျိုးသမီးတွေကို လေးစားတဲ့စိတ်က သူ့မှာ အပြည့်ရှိပြီးသားပါ။

၃။ လူကြီးလူကောင်းဆန်တယ်

အမျိုးသမီးတစ်ယောက်ကို ဘယ်လိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်ရမယ်ဆိုတာ အမျိုးသမီးတွေကလွဲလို့ ဘယ်သူက ပိုသိမှာလဲ။

၎။ ဘယ်တော့မှ မိသားစုကို လျစ်လျူရှုမယ့်သူ မဟုတ်ဘူး

သူဟာ မိခင်ကို ချစ်တတ်သူဆိုမှတော့ မိသားစုကို တွယ်တာတတ်သူဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါဘူး။

၅။ အမေကို ဆက်ဆံသလို ချစ်သူ၊ ဇနီးမယားကိုလည်း ဆက်ဆံလိမ့်မယ်

မိခင်အပေါ် လေးစားတတ်သူဟာ မိန်းမတစ်ယောက်ကို နာကျင်အောင် လုပ်မယ့်သူမျိုး မဟုတ်ပါဘူး။

Source & Photos : Bolde

Credit: duwun

No comments:

Post a Comment