Friday, April 29, 2016

"ချစ်သူမရစေနိုင်တဲ့ အားနည်းချက် (၇) ချက်"


"ချစ်သူမရစေနိုင်တဲ့ အားနည်းချက် (၇) ချက်"

တစ်ခါတလေ ရုပ်ကလေး သနားကမားနဲ့ ချစ်သူမရသေးတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒီတော့ ကိုယ့်မှာ အောက်ဖော်ပြချက်တွေထဲက တစ်ခုခုနဲ့များ ငြိစွန်းနေသလား ကိုယ့်ကိုယ်ကို မညှာမတာ စစ်ဆေးပါ။ ဒီ (၉) ချက်ကြောင့်လည်း Single ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်

(၁) အတ္တကြီးလွန်းခြင်း

အတ္တကြီးတယ်ဆိုတာ ဘာဖြစ်ကြောင်းကို အတ္တကြီးတဲ့သူတွေကို ရှင်းပြဖို့ မလွယ်ပါဘူး။ ဒီတော့ အတ္တကြီးတယ်ဆိုတာ အခြေခံအားဖြင့်တော့ တစ်ကိုယ်ကောင်း ဆန်တယ်၊ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်တယ်၊ အပေးမရှိ အယူချည်းသာ ရပ်တည်တယ်၊ ဘာဖြစ်ဖြစ် လက်စားချေရမှ နှိပ်ကွပ်ရမှဆိုတဲ့ လူတန်းစားမျိုး ဖြစ်တယ်။ ဒါတွေကို သင်က အပြစ်မမြင်ဘူးဆိုရင် သင်ကိုယ်တိုင် အတ္တကြီးသူ ဖြစ်နေပြီ။

(၂) ပြင်ပအလှကိုပဲ ဂရုစိုက်မိနေခြင်း

အပြင်အလှအပထက် အရေးကြီးတာက အတွင်းအလှအပပါဘဲ။ အတွင်းအလှအပဆိုလို့ အူတွေ ကလီစာတွေကို သနပ်ခါးလိမ်းပေးဖို့ ပြောတာ မဟုတ်ပါဘူး။ စိတ်ကောင်းနှလုံးကောင်း မွေးခြင်းကို ဆိုလိုတာပါ။ ဂရိစကားပုံလားမသိဘူး သိပ်လှတဲ့ သူတွေဟာ ဦးနှောက်မပါဘူး တဲ့။

(၃) အမြဲတမ်း ပြိုင်ဆိုင်ချင်တဲ့စိတ်

ဘယ်သူနဲ့မဆို ကိုယ်ကပဲ သာတာလိုချင်တယ်၊ သူက တစ်သောင်းတန်ဝတ်ရင် သူ့ရှေ့ တစ်သိန်းတန်လောက် ၀တ်ပြလိုက်ရမှ နေသာထိုင်သာ ရှိတယ်။ အဲဒီလို အရေမရ အဖတ်မရဆိုရင် ဒီလိုလူတွေကို ရှေ့ဆုံးက ပါတာကို တွေ့ရနိုင်ပါတယ်။

(၄) သူငယ်ချင်းတွေကို ရန်သူလို့ သဘောထားမိနေတယ်

သူငယ်ချင်းကို ရန်သူလို့ သဘောထားတဲ့သူတွေ အများကြီးပဲ။ စောစောက အတ္တကြီးမားတဲ့ သူမျိုးပေါ့။ သူ့ထက်သာရင် နည်းနည်း ပြန်မကျောရမချင်း ဒီလူဟာ ရန်သူပဲ။

(၅) အရေးမပေးတဲ့သူနဲ့ မပေါင်းချင်ဘူး

အတ္တကြီးမားတဲ့သူတွေဟာ သူတို့ကို အရေးအရာ မလုပ်ရင် စိတ်ကောက်တတ်ပါတယ်။ ဒီလိုလူမျိုးတွေလည်း သင်နဲ့ အနီးအနားမှာ မကြာခဏ တွေ့ရနိုင်ပါတယ်။ လူတွေရဲ့ မေတ္တာကို ခံယူနေသူတွေပေါ့။

(၆) ကိုယ့်ကိုကိုယ် သခင်လို့ထင်နေတယ်

ဘယ်နေရာရောက်ရောက် ကိုယ့်ကိုကိုယ် မနှိမ့်ချဘူး။ စောင့်ကြွားစောင့်ကြွား ဟောင်ဖွာ ဟောင်ဖွာနဲ့ ဟိုလူကိုမြင်ရင်
ငေါက်လိုက်ရမှ၊ ဒီလူ့ကိုမြင်ရင်လည်း အပြစ်ပြောလိုက်ရမှ၊ ဘယ်သူကိုတော့ဖြင့် စိတ်ကောက်လိုက်ရမှ ဆိုတဲ့ အစားထဲက ဖြစ်တယ်။

(၇) အမြဲလိုလို အဆိုးမြင်ဝါဒ

ကိုယ်လုပ်တာကလွဲရင် ဘယ်သူ ဘာလုပ်လုပ် အကောင်းမမြင်ဘူး၊ တစ်စုံတစ်ယောက်ကို ချီးကျူးဖို့၊ အားပေးဖို့၊ ကောင်းရာကောင်းကြောင်း တိုက်တွန်းဖို့ဆိုတာ သူတို့အတွက်တော့ အသတ်ခံရမှာထက် ကြောက်ကြတယ်။ ဒီလိုလူမှန်းသိနေရင် သူ့ဘာသာသူ ရွှေထွက်နေပါစေ ဘယ်သူက ချစ်သူတော်ချင်မလဲဗျ… နော။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment