Thursday, April 7, 2016

"ပျော်ရွှင်မှုကို အလွယ်ရှာဖွေနည်း (၇) နည်း"


"ပျော်ရွှင်မှုကို အလွယ်ရှာဖွေနည်း (၇) နည်း"

ဘ၀ဟာ လောကဓံမျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ရင်း ရုန်းကန်နေရပါတယ်။ လောကဓံအပြင် နေ့စဉ် လူနေမှုဘ၀မှာလည်း ကိုယ်ရောက်ရှိရာ နယ်ပယ်အတွင်းမှာ အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရင်း ကိုယ့်ဘ၀ရဲ့ အချိန်တိုလေးအတွင်းမှာ အဓိပ္ပါယ်ရှိစွာ နေထိုင်ရတာပါ။ ဒါကို လူ့ဘ၀လို့ ခေါ်ကြပါတယ်။ ဒီအတိုင်း လူ့ဘ၀ကြီးက ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ပျော်ရွှင်မှုကိုလည်း ရရင်ရသလို ရှာဖွေတတ်ရပါတယ်။ ဒီတော့ ပျော်ရွှင်မှုကို အလွယ်ရှာလို့ရနိုင်တဲ့ နည်းလမ်း (၇) ခုကို ညွှန်းဆိုလိုက်ပါတယ်။

(၁) ရယ်စရာပြောတတ်သူတွေနဲ့ ပေါင်းသင်းပါ

ဆရာကြီး လယ်တွင်းသားစောချစ်နဲ့ လှတောသားတွေ ဆုံတော့ လှတောသားတွေက ပြောတယ် တဲ့။ ကျွန်တော်တို့နဲ့
တွေ့တာ သွားဆရာဝန်နဲ့ တွေ့သလို ဖြစ်စေရမယ် တဲ့။ ဆရာကြီးက ဘာလို့လဲ ပြန်မေးတော့ လှတောသားက သြော် ကျွန်တော်တို့က ရယ်စရာပြောတော့ ဆရာကြီးက ရယ်မယ်။ ရယ်စရာကလည်း ခဏခဏပြောတာဆိုတော့ ဆရာကြီး ပါးစပ်တောင် စေ့ချိန်ရမှာမဟုတ်ဘူး၊ ဒီတော့ သွားဆရာဝန်ရှေ့ သွားဖြဲပြနေရတဲ့ လူနဲ့ မတူဘူးလား ဆိုပြီး ပြန်ဖြေတယ် တဲ့။ ဆရာကြီးက ကောက်ချက်ချတယ်၊ ဒီလူတွေနဲ့နေရင် ငါ အသက်အများကြီးရှည်မှာလို့။ အဲဒီလိုပဲ ရယ်စရာပြောတတ်သူတွေနဲ့ ပေါင်းသင်းခြင်းဟာ ကျန်းမာရေးကို အများကြီး အထောက်ကူ ပြုပါတယ်။

(၂) ကိုယ့်ကိုယ်ကို လေးစားပါ

ဖိအားတွေကနေ ကင်းစင်ဖို့ ကိုယ့်ကိုယ်ကို အလေးထားဖို့လည်း လိုပါတယ်။ ဒါမှလည်း ယုံကြည်မှုပြည့်ဝတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ပြီး ကျရာဇာတ်ရုပ်မှာ အံဝင်ခွင်ကျ ပါဝင်ကပြနိုင်မှာ ဖြစ်ပါတယ်။

(၃) ကောင်းတာတွေကို လက်ခံပါ

မကောင်းတာလာပြောရင် နားထောင်ပြီး စိတ်ထဲ အညစ်မခံပါနဲ့။ တစ်ခါတည်း မောင်းထုတ်လိုက်ပါ။ ကောင်းတာပြောရင်တော့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားပြီး အချိန်ရတိုင်း တစိမ့်စိမ့် ပြန်တွေးပါ။

(၄) ကိုယ်သဘောကျတာကိုပဲ ကိုယ်လုပ်ပါ

လူနေမှုဘ၀မှာ ဒီအချက်က အသုံးဝင်တယ်လို့ မထင်ရပါဘူး။ ဒါပေမယ့် ကိုယ်မလုပ်ချင်တာ လုပ်နေရသည့်တိုင် ကိုယ်လုပ်ချင်တာလေးတွေကို အချိန်ရရင် လုပ်ပါ။

(၅) ရည်မှန်းချက်ကို သိပါစေ

တစ်ခါတလေ ကိုယ် ဘာကိုလုပ်ချင်မှန်း၊ ဘာဖြစ်ချင်မှန်း မသိတဲ့အခါမျိုး ရှိတတ်ပါတယ်။ ဒါကလည်း တစ်နည်းအားဖြင့် ဖိအားများလွန်းလှတဲ့ လူ့ဘ၀ကပေးတဲ့ ဖိအာားကြောင့် ဒါတွေ စဉ်းစားဖို့ အချိန်မရှိဘူး ဆိုတဲ့လူတွေ ပြောလေ့ရှိပါတယ်။ အဲဒီတော့ ဖိအားတွေကို ထွက်ပေါက်ပေးနိုင်မယ့် ကိုယ့်ရည်မှန်းချက် အစစ်အမှန်ကို အပျောက်မခံပါနဲ့။

(၆) နှလုံးသားရဲ့ စေခိုင်းမှုကို နားထောင်ပါ

ကိုယ့်နှလုံးသားကို ဆန့်ကျင်ပြီး လုပ်ခဲ့ရတာတွေ များလာတော့ လူတွေရဲ့ အသည်းနှလုံးဟာ ပုံစံခွက်ထဲ အထည့်ခံထားရသလိုဖြစ်ပြီး အသည်းနှလုံးတွေ မာသွားတတ်ပါတယ်။ ဒီတော့ ကိုယ်က စက်ရုပ်လား လူလား ခွဲခြားသိဖို့ လိုပါတယ်။

(၇) ပြောင်းလဲဖို့အတွက် တံခါးဖွင့်ထားပါ

စောစောက နှလုံးသားရဲ့ စေခိုင်းမှုတွေကို လိုက်နာဖို့ စိတ်ကိုလည်း ပြုလွယ်ပြင်လွယ် အနေအထားဖြစ်နေအောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါမှလည်း စိတ်နဲ့ကိုယ်နဲ့ကပ်တဲ့ နှလုံးသားရဲ့ စေခိုင်းရာအလုပ်တွေကို ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment