Thursday, April 28, 2016
"မှန်ကန်တဲ့လက်တွဲဖော်ဖြစ်ဖို့ လိုအပ်ချက် (၇) ချက်"
"မှန်ကန်တဲ့လက်တွဲဖော်ဖြစ်ဖို့ လိုအပ်ချက် (၇) ချက်"
ချစ်သူနဲ့ တစ်ဘ၀လုံး စိတ်ချမ်းချမ်းသာသာ လက်တွဲလိုတယ်ဆိုရင်တော့ အောက်ပါလိုအပ်ချက် (၇) ချက်ကို ဖြည့်ဆည်းဖို့ လိုပါတယ်။
(၁) မိတ်ဆွေကောင်းတစ်ယောက်လို ဆက်ဆံပါ
ချစ်သူကို မိတ်ဆွေကောင်းတစ်ယောက်လို ယုံယုံကြည်ကြည် ဆက်ဆံပါ။ ကိုယ်နဲ့အနီးကပ်ဆုံး မိတ်ဆွေစာရင်းမှာ ကိုယ့်ချစ်သူ မပါသေးဘူးဆိုရင် သူ့အပေါ်မှာ အပြည့်အ၀ မယုံနိုင်သေးဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။
(၂) အလေးပေးပါ
တစ်ယောက်ကို တစ်ယောက် ချစ်နေရုံနဲ့ ပြီးတယ်လို့ မတွေးပါနဲ့။ အားနည်းချက် မှန်သမျှကို ဖြည့်ဆည်းနေနိုင်ကာမ
ချစ်သူဘ၀က ကြာရှည်ပါတယ်။ ဒါကြောင့် အလေးပေး ဆက်ဆံခြင်းဟာလည်း လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
(၃) သူ့သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်ဆက်ဆံပါ
ချစ်သူဘ၀ကို ဦးစားပေးလိုက်ရင် များသောအားဖြင့် အပေါင်းအသင်း မိတ်ဆွေကဏ္ဍမှာ လစ်ဟာသွားတတ်ပါတယ်။ ဒါကို အမြန်ပြုပြင်ပြီး သူ့ငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်နေဖို့ လိုအပ်သလို၊ ကိုယ်သူငယ်ချင်းတွေနဲ့လည်း သူ့ကို ရင်းနီး
ကျွမ်းဝင်စေပါ။
(၄) ထမင်းလက်စုံ မကြာခဏစားချက်ကျွေးပါ
မချက်တတ်ရင်လည်း တတ်သလောက် မှတ်သလောက် ချက်ပေါ့။ ချက်တတ်တယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ အထူးသဖြင့် ဒါမျိုးကျတော့ မိန်းကလေးတွေဘက်က မဖြစ်မနေ လုပ်သင့်တာမျိုးပါ။ အမျိုးသားတိုင်း ချစ်သူချက်ကျွေးတဲ့ ထမင်းဟင်းကို မြိန်ရည်ရှက်ရေ စားချင်ကြတာချည်းပါဘဲ။
(၅) သ၀န်တိုစိတ်ကို မဆွပါနဲ့
သ၀န်တိုတာကို အချစ်လို့ မခေါ်ပါဘူး။ ဒါကို ကျွန်တော် ခဏခဏ ရေးဖူးပါတယ်။ သ၀န်တိုခြင်းဟာ စိတ်ဓာတ် မပြည့်ဝခြင်းပါဘဲ။ ဒီစိတ်က လူတိုင်းမှာ ရှိပါတယ်။ ပညာဉာဏ်နဲ့ ချွန်းအုပ်နိုင်ခြင်း မနိုင်ခြင်းသာ ကွာတာပါ။ ဒီစိတ်ဝင်လာရင် လူတွေဟာ အတ္တတွေ ကြီးသွားတတ်ပါတယ်။
(၆) ယုံကြည်ပါ
အရေးကြီးဆုံးကတော့ ယုံကြည်မှုဖြစ်ပါတယ်။ မယုံကြည်ရင် အပေါ်ယံ အချစ်ဇာတ်လမ်းကိုသာ မကချင် ကချင် က,နေရတော့မှာပါ။ ဒီတော့ အပြန်အလှန် ယုံကြည်ပါ။ မယုံကြည်ရသေးရင် ယုံကြည်မှုရအောင် တည်ဆောက်ပါ။
(၇) ဂုဏ်ယူပါ
ချစ်သူမှာ ဘာအားနည်းချက်ပဲရှိရှိ သူ့ကို ချစ်သူအဖြစ် တော်ရလို့ ကံကောင်းလိုက်တဲ့ ငါ့ဘ၀ပါလား လို့ ကြံဖန် ဂုဏ်ယူတတ်ပါစေ။ ဒါဟာလည်း ချစ်သူဘ၀မှာ မရှိမဖြစ် လိုအပ်ပါတယ်။
နတ်စည်တော် (Shwemom)
Credit: Shwemom
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment