Tuesday, April 5, 2016

"ကိုယ့်ကိုယ် သတ်သေခြင်းနဲ့ပက်သက်ပြီး သိသင့်တဲ့အချက် (၆) ချက်"


"ကိုယ့်ကိုယ် သတ်သေခြင်းနဲ့ပက်သက်ပြီး သိသင့်တဲ့အချက် (၆) ချက်"

၁- ကိုယ့်ကိုကိုယ် သတ်သေမှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ

လူမျိုးတစ်မျိုး၊ ဒေသတစ်ခုမှာ အဖြစ်များတယ်ဆိုတာထက် ကိုယ့်ကိုကိုယ် သတ်သေမှုဟာ တစ်ကမ္ဘာလုံး ဖြစ်ပွားနေတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးနဲ့ ပျှမ်းမျှတွက်မယ်ဆိုရင် စက္ကန့်လေးဆယ်တိုင်းမှာ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် သတ်သေနေပါတယ်။

၂- လူတွေဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြတာလဲ

ကြောက်စရာကောင်းတဲ့ အခြေအနေကို ကြုံရတာ၊ စိတ်ရောဂါဖြစ်တာ၊ အတွေးတွေ ချောင်ပိတ်မိတာ၊ လွှမ်းမိုးမှုခံရတာ စတဲ့.ပြင်းထန်တဲ့ စိတ်ခံစားချက်ဆိုင်ရာ နာကျင်မှုတွေကြောင့် ဖြစ်ပါတယ်။ သူတို့ ဘဝနာကျင်မှုကို အဆုံးသတ်လိုက်ဖို့ တစ်ခုတည်းသော တုံ့ပြန်မှုက ကိုယ့်ကိုကိုယ် သတ်သေတာလို့ ခံစားရတာမျိုး ဖြစ်ပါတယ်။

၃- စိတ်ကျရောဂါ

ကိုယ့်ကိုကိုယ် သတ်သေမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ စိတ်ကျမှုဟာ အဓိက အကြောင်းအရင်းအဖြစ် ရှိနေပါတယ်။ ပြင်းပြင်းထန်ထန် စိတ်ကျတဲ့အခါ လူဟာ ရွေးချယ်မှုမရှိဘဲ ပိတ်မိသွားတာ ဖြစ်ပါတယ်။

၎- မှာခဲ့တာ မရှိ

ကိုယ့်ကိုကိုယ် သတ်သေသူအများစုဟာ တစ်ခုခု ပြောခဲ့တဲ့ စာမျိုးတွေ မထားခဲ့ကြပါဘူး။

၅- မသတ်မှတ်

အနောက်နိုင်ငံအချို့ဟာ ကိုယ့်ကိုကိုယ် သတ်သေတာကို ပြစ်မှုမြောက်တယ်လို့ မသတ်မှတ်ထားပါဘူး။

၆- သတ်သေမယ်လို့ တကယ်ပြောလာရင်

တစ်ယောက်ယောက်က ကိုယ့်ကိုကိုယ် သတ်သေမယ်လို့ ပြောလာရင် သင် အရင်ဆုံးလုပ်ရမှာက မလုပ်ဖို့ အတင်းတားရမှာမျိုး မဟုတ်ပါဘူး။ သူ ဘာတွေပြောမလဲ နားထောင်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်သင့်တယ် ညာဖြစ်သင့်တယ် စတဲ့ မှတ်ချက်တွေ မပေးပါနဲ့။ ပိတ်မိနေတဲ့ သူ့ခေါင်းထဲက အကြောင်းအရာတွေ အရင်ဆုံး အပြင်ကို ထွက်သွားအောင် နားထောင်ပေးရမှာ ဖြစ်ပါတယ်။

Photos & Source: Huffington

Credit: duwun

No comments:

Post a Comment