Wednesday, April 27, 2016

"ဝိတ်ကျချင်သူတိုင်းအတွက် အရေးကြီးတဲ့အချက်"


"ဝိတ်ကျချင်သူတိုင်းအတွက် အရေးကြီးတဲ့အချက်"
   
ဝိတ်ကျချင်တဲ့သူတွေ အများအပြားရှိပေမယ့် ထိုသူတွေဟာ အခုပြောပြမယ့် အရေးကြီးတဲ့အချက်ကို သတိမထားမိတတ်ကြပါဘူး။ တကယ်တော့ ဒီအချက်က လူတွေကို ပိုမိုဝစေလာပြီး ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ဝိတ်မကျတာလဲ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီအရေးကြီးတဲ့ အချက်ကတော့ အိပ်ရာ စောစောဝင်ခြင်းပါ။ အိပ်ရာကို နောက်ကျမှဝင်တဲ့သူတွေဟာ ဝိတ်ကျဖို့ အင်မတန်
ခက်ခဲကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အကြောင်းအရင်းကတော့ လူတွေဟာ ညဥ့်နက်တဲ့အခါမှာ ဗိုက်ဆာတတ်လို့ပါပဲ။ ဗိုက်ဆာရာကနေ သရေစာတွေစားရင် ထိုအစာတွေက လူကို ဝိတ်တက်စေတာ ဖြစ်ပါတယ်။

ဝိတ်ချလိုသူတွေအနေနဲ့ ၁၁ နာရီထက် နောက်မကျပဲ အိပ်ရာဝင်သင့်ကြောင်းကို လေ့လာသူတွေက အကြံပြုထားပါတယ်။
ဒါပေမယ့် လူတော်တော်များများက ဒီအချက်ကိုသတိမထားပဲ လေ့ကျင့်ခန်းတွေလုပ်ပြီ ဝိတ်ချတတ်ကြပါတယ်။ အကျိုးဆက်ကတော့ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ပိန်မလာတာပါပဲ။ ဒါ့ကြောင့် အိပ်ချိန်ကို နောက်မကျစေပဲ စောစော အိပ်ရာဝင်သင့်ကြောင်းကို အကြံပြုလိုက်ရပါတယ်။

Source:womanmagazine

Credit: Shwemom

No comments:

Post a Comment