Tuesday, April 5, 2016
"ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက် (၆) ခု"
"ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက် (၆) ခု"
အမြဲလိုလို ပျော်နေတက်တဲ့ စုံတွဲတွေဆီမှာ ဒီလိုအကျင့်လေးတွေ ရှိနေတက်ပါတယ်။
သူတို့ကို ကြည့်လိုက်ရင် အမြဲပျော်နေတာပဲလို့ ထင်ရတဲ့ အိမ်ထောင်ရှင် စုံတွဲတွေကို သင် တွေ့ဖူးမှာပါ။ ဒီလို စုံတွဲတိုင်းဆီကို ကြည့်လိုက်ရင် သာမန်စုံတွဲတွေဆီမှာ ရှိမနေတက်တဲ့ အမူအကျင့်နဲ့ ခံယူချက် တစ်ချို့ ရှိနေတတ်ပါတယ်။ ဒါကပဲ ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက် ဖြစ်လာတာပါပဲ။
၁။ ရန်ဖြစ်ပြီး အိပ်ယာဝင်လည်း သူတို့ကတော့ အေးဆေးပဲ။ အချစ်ရေးခိုင်မြဲတဲ့ စုံတွဲတွေက ရန်ဖြစ်ပြီး အိပ်ယာဝင်တဲ့အခါ သိပ်မကြာခင် ဘာမှမတွေးပဲ အိပ်ပျော်သွားတက်ကြတယ်လို့ လေ့လာချက်က ဆိုပါတယ်။
၂။ ဇနီးမောင်နှံ နှစ်ဦးလုံး ပေါင်းသင်း ဆက်ဆံရေးကောင်းတယ်။ သူငယ်ချင်းကောင်းတွေရှိတယ်။ စုံတွဲ တစ်တွဲမှာ တစ်ယောက်ကပဲ social life ပိုကောင်းနေရင် အဆင်မပြေ ဖြစ်တက်ပါတယ်။
၃။ ကိစ္စအများစုကို အမှန်တိုင်းပြောတက်ကြတယ်။ ဒါပေမယ့် အားလုံးကိုတော့ မဟုတ်ဘူး။ လေ့လာချက်အရ ပျော်ရွှင်ခိုင်မြဲတဲ့ စုံတွဲတွေဟာ တစ်ဖက်သူရဲ့ အခြေအနေကိုကြည့်ပြီးမှ ဘာပြောသင့်သလဲ စဉ်းစားကြတယ်လို့ ဆိုတယ်။
၎။ လူကြားထဲမှာ လက်တွဲဖော်ကို နမ်းဖို့၊ ရဲရဲရင့်ရင့် လက်တွဲဖို့၊ ပခုံးဖက်ဖို့ လက်မနှေးတတ်ကြဘူး။
၅။ တစ်ယောက်ရဲ့ ဆန္ဒကို မကြိုက်ရင်တောင် လုံးဝ လျစ်လျှူရှုတာမျိုး မလုပ်ကြဘူး။ ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို ဆွေးနွေးတတ်ကြတယ်။ သဘောမတူတာကို ငြင်းခုံမနေကြဘူး။
၆။ ရန်ဖြစ်ရင် လမ်းခွဲမယ်ဆိုတဲ့ စိတ်ကူး သူတို့ခေါင်းထဲမှာ မရှိဘူး။ ဘဏ်အကောင့်တွေလည်း အတူတူ ပူးတွဲ လုပ်ထားကြတယ်။ အရာရာကို ဝေမျှထားကြတယ်။ ဒါကြောင့် ပြဿနာ တစ်ခုဖြစ်လာရင် လမ်းခွဲမယ့်စကား မပြောပဲ ရအောင် ဖြေရှင်းတတ်ကြတယ်။
Source : Rd
Credit: duwun
Labels:
ဗဟုသုတ,
အိပ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment