Tuesday, April 26, 2016
"အချစ်ရေးမှာ အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ အမှား (၇) ခု"
"အချစ်ရေးမှာ အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ အမှား (၇) ခု"
အချစ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းဖို့ ရွေးချယ်လိုက်ကြပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ
ရိုင်းရိုင်းပင်းပင်း ကူကူညီညီ လျှောက်လှမ်းကြဖို့ လိုပါတယ်။ ဒါမှသာ အချစ်ခရီးက ဖြောင့်ဖြူးမှာပါ။ ဒါကြောင့် အချစ်ရေးမှာ အမျိုးသမီးတွေလုပ်လေ့ရှိတဲ့ အမှား (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ့်တန်ဖိုး ကိုယ်ချမိတယ်
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်တန်ဖိုး ကိုယ်မသိရင် အကြီးကြီး ရှုံးတတ်ပါတယ်။ ချစ်သူကို ချစ်လွန်းလို့ဆိုပြီး ကိုယ့်အသက်လောက် စောင့်ရှောက်ရမယ့် တန်ဖိုးကို မလေးစား လုပ်မိတာမျိုးဟာ အမျိုးသမီးတွေအတွက် ရှက်စရာပါ။
(၂) မှီခိုလွန်းတယ်
ချစ်သူက ဘယ်လောက်ပဲ အားကိုးရပါစေ မှီခိုလွန်းတဲ့စိတ် ထားမိရင် သူ့အတွက် ၀န်ထုပ်ဝန်ပိုးလို့ ထင်စရာ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ လိုပါတယ်။
(၃) ဆက်ဆံရေးကို ဂရုမပြုမိဘူး
ဒါကတော့ အမျိုးသမီးတော်တော်များများများဟာ ငါ့ကောင်လေးက မခုတ်တတ်တဲ့ ကြောင်လေ ဆိုပြီး တလွဲယုံကြည်မိတာကတစ်ဆင့် ဖြစ်လာတတ်တာမျိုးမှာ။ နောက်ဆုံး ကိုယ်ဟာ ဒုတိယ ဖြစ်မှန်းမသိ ဖြစ်တဲ့အခါကျမှ မျက်ရည် ဒူးနဲ့ကြိတ်သုတ်ရတဲ့ အဖြစ်။
(၄) လက်တွဲဖော်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတယ်
ဘယ်သူပဲဖြစ်ဖြစ် သူ့ဇာတိက ပါလာတဲ့ စိတ်၊ ဉာဉ်၊ ၀ါသနာအတိုင်း ပြုမူဆောင်ရွက်ရမှ ကျေနပ် နှစ်သက်ကြတာဖြစ်ပါတယ်။ ဒါကို တစ်ချို့အမျိုးသမီးတွေက နားမလည်ဘဲ ဒီကောင်တော့ ငါနဲ့ရရင် ဘယ်လိုပုံစံ သွင်းပစ်လိုက်မှာဆိုပြီး ထင်ရာ
လျှောက်လုပ်တတ်ကြပါတယ်။
(၅) ကိုယ့်အတွက်လုပ်ပေးတာတွေကို အပြစ်မြင်နေမိတယ်
တစ်ခါတလေ အပျိုကြီးဖြစ်ဖို့ ကံဇာတာပါတဲ့ အမျိုးသမီးတွေဟာ အရမ်းကို ပစိပစပ်များပြီး လျှာရှည်တတ်ပါတယ်။ ချစ်သူက ကိုယ့်အတွက် ကောင်းရာကောင်းကြောင်း လုပ်ပေးတာကို ကြည်ကြည်သာသာ လက်မခံဘဲ အပြစ်ထိုင်ပြောနေတဲ့ အမျိုးသမီးမျိုးဆိုရင် ဘယ်အမျိုးသားက ကြာရှည် လက်တွဲနိုင်မလဲဗျာ။
(၆) ချည်နှောင်ဖို့ကြိုးစားတယ်
ဒီနည်းကိုတော့ လက်တွဲဖော်က ရှောင်တိမ်းထွက်ပြေးဖို့ ကြိုးစားတယ်လို့ ထင်မိတဲ့အခါ နောက်ဆုံးလက်နက်အဖြစ် အမျိုးသမီးတွေ သုံးတတ်ပါတယ်။ အန္တရာယ်များလှပြီး နစ်နာစရာရှိရင် ကိုယ်ပဲ အရင်နစ်နာတာပါ။
(၇) ကြိုးကိုချယ်လှယ်ချင်တယ်
ကျားတစ်ကောင်ကို ကြိုးတစ်ချောင်းနဲ့ ချည်ထားရုံနဲ့ စိတ်ချရတဲ့ အခြေအနေဖြစ်တယ်လို့ ဘယ်မုဆိုးကမှ မယူစပါဘူး။ နောက် ကျားနာတစ်ကောင်ဟာ သာမာန် ကျားတစ်ကောင်ထက် ကြောက်စရာကောင်းတယ် ဆိုတာ မုဆိုးတိုင်း သိပါတယ်။ ဒီတော့ ကျားအထာ မနပ်သေးဘဲ ဖမ်းချင်တဲ့ ဣတ္ထိယမုဆိုးတွေ ဘယ်လို ပညာအပြခံရယ်ဆိုတာ သတိရှိဖို့ သင့်ပါတယ်။
နတ်စည်တော် (Shwemom)
Credit: Shwemom
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment