Friday, April 29, 2016
"မိမိချစ်သူ မိမိအပေါ် တကယ်ချစ်မချစ် သိရှိနိုင်တဲ့ နည်းလမ်းကောင်းလေးများ"
"မိမိချစ်သူ မိမိအပေါ် တကယ်ချစ်မချစ် သိရှိနိုင်တဲ့ နည်းလမ်းကောင်းလေးများ"
စာရေးသူကတော့ ဒီဆောင်းပါးမှာတော့ မိမိချစ်သူ သို့မဟုတ် မိမိကိုစိတ်ဝင်စားနေသော ယောက်ျားလေးတစ်ယောက် မိမိအပေါ် တကယ်ချစ်မချစ် သိရှိနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ။ မိန်းကလေးတွေမှာ အလိုလိုသိနေတဲ့စိတ် ရှိကြပါတယ်။ မိမိကို စိတ်ဝင်စားနေတဲ့ ယောကျာ်းလေးတွေရှိရင် စိတ်ထဲက အလိုလို သိနေတတ်ကြပါတယ်။
သို့သော် တိတိကျကျ သိရှိနိုင်တာမျိုးတော့ မဟုတ်ပါဘူး ဒါ့ကြောင့် တိတိကျကျသိရှိနိုင့်မည့် အချက်များကို လေ့လာထားတာ မမှားနိုင်ပါဘူးနော်။
သင်နဲ့ပတ်သက်နေသော အကြောင်းအရာများကို မှတ်မိနေခြင်း
အကယ်လို့သာ သူ သင့်ကို အမှန်တကယ် စိတ်ဝင်စားနေပြီဆိုပါလျှင် သင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အလေးထား အာရုံစိုက်နေမှာဘဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ သင်ကြိုက်နစ်သက်တယ်လို့ ပြောဖူးသော အရာများကို မှတ်မိနေမှာဘဲ ဖြစ်ပါတယ်။ ပြီးတော့ ရုပ်ရှင်တွေထဲမှာလို သင့်ကို နေ့ထူးနေ့မြတ်များမှာ လက်ဆောင်အဖြစ် ပေးဖို့ စီစဉ်နေမှာဘဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ အသေးစိတ်ကျပါတယ်။
ဘယ်အရာကမှ မလုံလောက်နိုင်ပါဘူး။
တကယ်ချစ်မိပြီဆိုပါလျှင် သိချင်စိတ်တွေတားဆီးလို့ မရပါဘူး။ သင့်အကြောင်း မေးခွန်းတွေ အများကြီးမေးပါလိမ့်မယ်။ Facebook မှာအမြဲလိုလို သင့်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည်နေပါလိမ့်မယ်။ သင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သူတတ်နိုင်သမျှ စုဆောင်းပါလိမ့်မယ်။ သို့သော် သူ့အတွက် လုံလောက်မှု မရှိပါဘူး။
ကလေးဆန်ပြီး မူမမှန်တဲ့ လုပ်ရပ်တွေ လုပ်ပါလိမ့်မယ်။
အချစ်က ချစ်မိသွားတဲ့အခါမှာ လူကို ကလေးဆန်စေပြီး မူမမှန်တဲ့ လုပ်ရပ်တွေကို ပြုလုပ်စေပါတယ်။ မိမိချစ်တဲ့သူရဲ့ ဘေးနားကို ရောက်သွားရင် ကလေးလေးတစ်ယောက်လို ပြုမှုတတ်ပြီး သဝန်တိုမှုတွေ စိုးရိမ်ပူပန်မှုတွေ လွန်ကဲလာတတ်ကြပါတယ်။ ယောကျာ်းလေးများကတော့ ပိုပြီး ကလေးဆန်တတ်ကြပါတယ်။ ပြီးတော့ ရုပ်ရှင်ကားတွေထဲကလိုမျိုး အပြင်မှာ ပြုလုပ်လေ့ရှိကြပါတယ်။ ပန်းစည်းအကြီးကြီးနဲ့ အိမ်ရှေ့မှာ စောင့်နေတတ်တာမျိုး၊ အရုပ်အကြီးကြီးကို လက်ဆောင်အဖြစ် ပေးတတ်တာမျိုးတွေဟာ ဥပမာတွေဘဲ ဖြစ်ပါတယ်။
သင့်ကိုပျော်ရွင်စေသော အပြုအမှုများ လုပ်လေ့ရှိပါတယ်။
တကယ်ချစ်ရင် သင်ပျော်ရွှင်စေသော အပြုအမှုများကို လုပ်ဆောင်လေ့ရှိပါတယ်။ သင့်ကိုဂရုစိုက်တာ၊ ကြင်နာတာ၊ သင့်အလုပ်တွေကို ကူညီပေးတာ၊ ဖုန်းတွေဆက်တာ၊ တနေ့ကို SMS အများကြီးပို့တာတွေက သင့်ကို အမှန်တကယ် ပျော်ရွှင်စေတယ် မဟုတ်ပါလား? တခါတရုံမှာ အဆင်မပြေမှုများ ရှိကောင်း ရှိနိုင်ပါတယ်။ အမြဲတမ်းတော့လည်း သင့်ကို ဂရုစိုက်ချင်မှ စိုက်ပါလိမ့်မယ်။ သို့သော် သင့်ခန့်မှန်းချက်ကိုသာ မယုံစားပါနဲ့။ သူ့စကားတွေကို ယုံမယ့်အစား သူရဲ့ အပြုအမှုတွေ၊ သင့်အပေါ်မှာဆက်ဆံတာတွေ၊ သင့်ကို ဘယ်လိုပျော်ရွှင်စေတာတွေ အစရှိတာတွေကို အာရုံစိုက်ပြီး လေ့လာပါ။
Source: A New Mode
Credit: Shwemom
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment