Thursday, April 21, 2016
"အရေပြားကင်ဆာကို ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်း (၈) ခု"
"အရေပြားကင်ဆာကို ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်း (၈) ခု"
အရေပြားကင်ဆာဟာ အရေပြားပျက်ဆီးမှုကို လူရဲ့ပင်ကိုယ်ခံစွမ်းအားအရ မတိုက်ဖြတ်နိုင်တော့တဲ့အခါမျိုးကို ခေါ်ပါတယ်။ အသားအရေ အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် အရေပြားဆဲလ်တွေ အသစ်ပြန်မဖြစ်နိုင်တော့ဘဲ ကင်ဆာလ်တွေရဲ့ တိုက်ခိုက်ခြင်းကို အရေပြားမှာ အလူးအလဲ ခံစားရတာဖြစ်ပါတယ်။ အရေပြားကင်ဆာကို ကာကွယ်ဖို့အတွက် နည်းလမ်း (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နနွင်း+သံလွင်ဆီကို လိမ်းပေးပါ
အမြဲတမ်းလိမ်းဖို့ မလိုပါ။ ဒါပေမယ့် အသင့်တော်ဆုံးအချိန်ကတော့ နေပူထဲမှာ အလုပ်လုပ်ရပါများရင် နနွင်း+သံလွင်ဆီကို လိမ်းပေးသင့်ပါတယ်။ နနွင်းမှာ အရေပြားကင်ဆာဆဲလ်တွေကို တိုက်ဖြတ်နိုင်တဲ့ သတ္တိတွေပါဝင်ပြီး သံလွင်ဆီကတော့ အရေပြားကို အာဟာရဓာတ်တွေ ၀င်ရောက်စေပါတယ်။
(၂) ဗီတာမင် C ပါသော သဘာဝသီးနှံများ
ခရမ်းချဉ်သီးနဲ့ လိမ္မော်မျိုးရင်းဝင် အသီးတွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပျားရည်နဲ့ အနည်းငယ်ရောစပ်ပြီး လိမ်းပေးခြင်း၊ နေ့စဉ် စားသုံးပေးခြင်းဖြင့် အရေပြားကင်ဆာကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
(၃) ဗီတာမင် E ပါသော အရာများကို လိမ်းကျံပါ
သာမာန်အချိန်မှာတောင် ဗီတာမင် E ပါတဲ့ အရာတွေကို လိမ်းပေးရင် အရေပြာကင်ဆာကို ကာကွယ်ပေးရုံသာမက အသားရေကို ဖြူစင် ချောမွေ့စေပါတယ်။ ဗီတာမင် E ပါဝင်တဲ့ သဘာဝသီးနှံတွေကတော့ သခွားသီး၊ လျှားစောင်းလက်ပတ်၊ ခရမ်းချဉ်သီး စတာတွေပဲ ဖြစ်ပါတယ်။
(၄) စန္ဒကူးဆီ၊ နှင်းဆီအဆီစသည်ကို လိမ်းကျံပေးပါ
စန္ဒကူး၊ နှင်းဆီ စသည်တို့မှာ ထုတ်ယူထားတဲ့ အဆီဟာလည်း အရေပြားကင်ဆာကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
(၅) Sunscreen ခရင်မ်လိမ်းပါ
နေပူထဲကို မဖြစ်မနေ ထွက်ရတဲ့အခါမျိုးမှာ Sunscreen ခရင်မ်လိမ်းတဲ့အကျင့် လုပ်ပေးပါ။ အရေပြားကင်ဆာကို ကြိုတင်ကာကွယ်ပြီးသား ရောက်ပါတယ်။
(၆) သဘာဝအုန်းဆီကို လိမ်းပေးပါ
သဘာဝအုန်းဆီကို လိမ်းပေးခြင်းဖြင့်လည်း အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။
(၇) နေလောင်မခံပါနဲ့
အချို့နိုင်ငံခြားသားများပင်လျှင် နေလောင်ခံတဲ့ အကျင့်ကို ဖျောက်နေကြပါပြီ။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။
(၈) ကျန်းမာသော အဆီချခြင်းကိုသာ လုပ်ပါ
အချို့က အစားရှောင်ပြီး အဆီချပါတယ်။ ဒါကို ဘယ်ကျန်းမာရေးအဖွဲ့အစည်းကမှ ထောက်ခံမှု မပေးပါဘူး။ အသီးအနှံ များများစားပေးရင် ကျန်းမာတဲ့ အဆီချခြင်းလို့ ထောက်ခံကြပါတယ်။ ဒီတော့ အသီးအနှံ များများစားပေးပါက အဲဒီထဲမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အရေပြားကို အထောက်အကူပြုပါတယ်။
နတ်စည်တော် (Shwemom)
Credit: Shwemom
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment