Tuesday, April 5, 2016

"အသက်ငယ်ငယ်ကောင်မလေးနဲ့ Date မယ့် အစ်ကိုတွေသိထားဖို့ (၇) ချက်"


"အသက်ငယ်ငယ်ကောင်မလေးနဲ့ Date မယ့် အစ်ကိုတွေသိထားဖို့ (၇) ချက်"

အချစ်ဆိုတာ အရွယ်၊ အသားအရည်၊ ဇာတ်နိမ့်ဇာတ်မြင့်နဲ့ မဆိုင်ပါ။ အချစ်ဟာ သိပ်ကို သန့်စင်ပါတယ်။ အချစ်ထက် တရားမျှတတဲ့အရာ ကမ္ဘာတွင် မရှိနိုင်ပါ၊ အချစ်သည်သာ အလှပဆုံးဖြစ်ပါတယ်။ စာဖတ်တဲ့ သူငယ်ချင်း အစ်ကိုကြီးတွေကို မေးပါရစေ။ အရွယ်ငယ်ငယ် ကောင်မလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ စိတ်ကူးနေသလား၊ မကြောက်ပါနဲ့
မှန်တယ်ထင်ရင် Do သာ Do လိုက်ဗျာ။ ကဲ ပုဂ္ဂိုလ်ရေး အဆင်ပြေလို့ အပြင်မှာ သွားတွေ့မယ်ဆိုရင် အောက်ပါ အချက် (၇) ချက်ကို မမေ့ပါနဲ့လို့ မှာပါရစေ။

(၁) စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို ပြပါ။

အရွယ်က အသက် (၃၀) ကျော်ကို ခြေတစ်ဖက် လှမ်းနေပြီ၊ စိတ်က ထိလွယ်ခိုက်လွယ်၊ ခံစားတတ်လွယ်တဲ့ အမူအယာကို မပြမိပါစေနဲ့။ ကလေးမလေးက ဒီလူ အသက်သာကြီးတာ အသိဉာဏ်က မရင့်ကျက်သေးဘူးဘဲ ဆိုပြီး မှတ်ချက်ချသွားရင် နောက်တွေ့ရဖို့ မလွယ်တော့ပါ။

(၂) အသိဉာဏ်ပြောင်မြောက်မှုကို ပြပါ။

ဒီအရွယ်ရောက်နေပြီဆိုရင် ဘ၀အသိပညာက စုံလင်နေသလောက် ဖြစ်နေရမယ့် အရွယ်ပါ၊ ကောင်မလေးက အကဲစမ်း မေးခွန်းတွေ မေးလာတဲ့အခါ ကြောင်အအကြီး ဖြစ်မနေဖို့ လိုပါတယ်။

(၃) ဘ၀အတွေ့အကြုံကို မျှဝေပါ။

မဟုတ်မဟတ် ဘ၀အတွေ့အကြုံကို Share မိတာမျိုး မဖြစ်ပါစေနဲ့။ တစ်ခါတလေ ကိုယ်တို့ အမျိုးသားတွေက ကိုယ် ဘယ်လောက် စွံခဲ့ကြောင်း ပါးစပ်အရသာခံ ပြောတတ်လွန်းလို့ သတိပေးရတာပါ။ တစ်ခြား လုပ်ငန်းခွင်၊ စီးပွားရေး၊ ဘ၀ကို ဘယ်လိုရုန်းကန်ခဲ့ရတာ စတာတွေကို ပြောတတ်ပါစေ။ (မေးမှ ပြောပါ)

(၄) စိတ်ဝင်စားကြောင်းပြပါ။

ကလေးမလေးကို စိတ်ဝင်စားကြောင်း မဖြစ်မနေ ပြပါ။ စိတ်ဝင်စားပါတယ် ဆိုပြီး ပါးစပ်က ဖွင့်ပြောစရာ မလိုပါဘူး။ မျက်လုံးလေးနဲ့တင် ပြောတာနဲ့ ကလေးမလေး သိနိုင်အောင် ကြိုးစားပါ။ မျက်လုံးချင်း စကားပြောနေပြီပေါ့ဗျာ။

(၅) ကိုယ်အမူအယာလေးတွေနဲ့လည်း ပြောတတ်ပါစေ။

ဒါကတော့ Body Language ပေါ့။ လက်အထားအသိုက အရေးကြီးတယ်။ တစ်နည်းပြောရရင် လက်ဟန်ခြေဟန်နဲ့ စကားပြောတဲ့ နည်းပေါ့။ တရုတ်ဓားရမ်းသလို ရမ်းနေစရာ မလိုပါဘူး။ ပြောတဲ့စကားနဲ့ လှုပ်ရှားတဲ့ ခန္ဓာကိုယ် အမူအယာက ဟာမိုနီ ဖြစ်နေပါစေ။

(၆) တစ်ခုခု ၀ယ်ပေးဖို့ မကြိုးစားပါနဲ့ဦး။

လက်ဆောင်ပစ္စည်းဟာ အချုပ်ဇယားပဲ။ တစ်ခုရှိတာက တွေ့တွေ့ချင်း လက်ဆောင်ဝယ်ပေးဖို့ တောင်းဆိုတဲ့ ကောင်မလေးဆိုရင်လည်း ကိုယ့်လူ နည်းနည်း သတိထားဖို့ လိုပါတယ်။ ဒါမှမဟုတ် ဘက်ဂျက်များများစားစား ရှာထားပေါ့။ တစ်ခါတလေ ဂျင်မလေးတွေနဲ့လည်း တွေ့တတ်ပါတယ်။

(၇) အပေါ်စီးက မဆက်ဆံပါနဲ့။

ကောင်မလေးက ဘာဖြစ်နေနေ၊ ပစ္စည်းဥစ္စာ၊ ရုပ်ရည်ဘာဖြစ်နေနေ အထင်သေးသလို မဆက်ဆံပါနဲ့။ သင်နဲ့တန်တဲ့ အဆင့်အတန်းကို သူမက ဆုံးဖြတ်သွားရင် ယောက်ျားဖြစ်တဲ့ သင် သိက္ခာကျစရာပါ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် တလေးတစား ဆက်ဆံပါ။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment