Friday, April 8, 2016

"ထေ့တတ်ငေါ့တတ်တာ ကောင်းတဲ့အချက် (၆) ချက်"


"ထေ့တတ်ငေါ့တတ်တာ ကောင်းတဲ့အချက် (၆) ချက်"

၁- ထေ့တတ်ငေါ့တတ်တာ ဦးနှောက်တွင်း ကျန်မားရေး ကောင်းမွန်တယ်ဆိုတဲ့ လက္ခဏာ ဖြစ်တယ်လို့ သုတေသနအချို့က ထောက်ပြထားပါတယ်။ ဒါပေမဲ့ လူတစ်ယောက် ထေ့ငေါ့နေတာကို သတိမထားမိတာမျိုး၊ နားမလည်နိုင်တာမျိုးကတော့ ဦးနှောက်တွင်း အလုပ်လုပ်မှု မကောင်းမွန်တဲ့လက္ခဏာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂- ထေ့တတ်တဲ့လူတွေဟာ ဟာသညဏ်ရှိတဲ့ လူတွေဖြစ်ပါတယ်။ ထေ့တတ်သူ တော်တော်များများဟာ သူငယ်ချင်း အပေါင်းအသင်းတွေက သဘောကျတဲ့လူတွေ ဖြစ်ပါတယ်။

၃- ထေ့တတ်တဲ့လူတွေက သူတို့သဘောမကျတဲ့လူတွေကို  သဘောမကျကြောင်း ပြောနိုင်သူတွေဖြစ်ပါတယ်။ မနှစ်သက်ကြောင်း အထေ့အငေါ့လေးနဲ့ သွယ်ဝိုက်ပြီး ပြောလိုက်တတ်တာကြောင့် ပြောခံရတဲ့လူအတွက်လည်း ပြုံးစရာ ဖြစ်ရပါတယ်။

၎- ထေ့တတ်တဲ့လူတွေဟာ တီထွင်လိုစိတ် ရှိသူတွေ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အခြားလူတွေနဲ့ ခွဲထွက်တဲ့ အတွေးမျိုးတွေ၊ အကြံညဏ်မျိုးတွေ ရှိပါတယ်။

၅- တင်းမာနေတဲ့ အခြေအနေမျိုးဟာ ထေ့တတ်ငေါ့တတ်တဲ့လူတွေရဲ့ စကားတွေကြောင့် ပြောလျော့သွားတတ်ပါတယ်။

၆- ထေ့ပုံငေါ့ပုံတွေဟာ ဒေသတစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။ သင်ပြောတဲ့ပုံက သင် ဘယ်ဒေသကလာတယ်ဆိုတာ ဖော်ပြနေပါတယ်။

Photos & Source: Huffington

Credit: duwun

No comments:

Post a Comment