Thursday, April 28, 2016

"ယောက်ျားလေး Best Friend ရှိတဲ့ မိန်းကလေးတွေပဲသိတဲ့ ခံစားချက်များ"


"ယောက်ျားလေး Best Friend ရှိတဲ့ မိန်းကလေးတွေပဲသိတဲ့ ခံစားချက်များ"
   
မိန်းကလေးတွေမှာ တစ်ခါတစ်ရံ အရမ်းချစ်ရတဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားလေး သူငယ်ချင်းတစ်ယောက် ရှိတတ်ပါတယ်။ အဲ့ဒိတစ်ယောက်ကလည်း သာမန်သူငယ်ချင်း မဟုတ်ပါဘူး။ Best Friend ပါ။ ပြောမနာ ဆိုမနာပါ။ ဒီလို သူငယ်ချင်းယောက်ျားလေး ရှိခြင်းရဲ့ အကျိုးကျေးးဇူးကိုတော့ မရှိတဲ့သူတွေ ဘယ်လိုမှ နားလည်မှာ မဟုတ်ပါဘူး။ အောက်မှာတော့ ယောက်ျားလေးBest Friend ရှိတဲ့ မိန်းကလေးတွေပဲသိတဲ့ ခံစားချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လူတွေက ကျွန်မတို့ ၂ ယောက် တွဲနေပဲ ထင်ကြတယ်။

ကျွန်မကလည်း သူ့အကြောင်းဆို ပါးစပ်ကနေမချ သူငယ်ချင်းတွေကြားထဲမှာ ပြောတတ်သလို သူကလည်း သူ့သူငယ်ချင်းတွေကြားထဲမှာ ကျွန်မအကြောင်း ပြောတတ်ပါတယ်။ ဒါကို လူတွေက တွဲနေကြတယ်လို့ပဲ ထင်ကြပါတယ်။ ကျွန်မတို့ ၂ ယောက် တစ်ခါတစ်လေ ရုပ်ရှင်သွားကြည့်ရင် ကြည့်မယ်။ ၂ ယောက်ထဲ သွားမယ်။ တစ်ယောက်အသားတစ်ယောက် ထိရင်လည်းထိမယ်။ ဒါပေမယ့် ဘယ်တော့မှ Awkward မဖြစ်ဘူး။ မွေးကတည်းက မအေတစ်ယောက်ထဲက ထွက်လာတဲ့အတိုင်း ခံစားမိတယ်။

(၂) အချို့ကောင်မလေးတွေက ကျွန်မတို့ကို မုန်းတတ်ကြတယ်။

အချို့ကောင်မလေးတွေက ကျွန်မတို့ရဲ့ Best Friend ကောင်လေးဆီက အာရုံစူးစိုက်မှုကို ခံချင်ကြတယ်။ ဒါ့ကြောင့် သူ သဘောကျနေတဲ့ ကျွန်မသူငယ်ချင်းက ကျွန်မကို ဂရုစိုက်တာကို မလိုလားကြဘူး။ ကျွန်မတို့က အမြဲ ပထမဦးစားပေး ဖြစ်နေလို့ သူတို့ မုန်းတတ်ကြတယ်။ Best Friend ရဲ့ ချစ်သူကောင်မလေးတွေဆို စတွေ့ကတည်းက ကျွန်မတို့ကို သိပ်မကြည်ကြဘူး။

(၃) လူတွေက ကျွန်မတို့ ၂ ယောက်ကို ငယ်ငယ်ကတည်းက ပေါင်းလာကြတယ်
ထင်တတ်ကြတယ်။

လူတော်တော်များများကတော့ ကျွန်မတို့ ၂ ယောက် သိတာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ထင်တတ်ကြတယ်။ တစ်ခါတစ်လေ ၃ နှစ်လောက်လို့ ပြောရင်တောင် မယုံချင်ကြဘူး။

(၄) လူတွေက ကျွန်မတို့ ၂ ယောက် တစ်ခါတစ်လေတော့ စိတ်ယိုင်မိကြမယ်
ထင်တယ်။

နိုးပါ။ ၂ ယောက်သား အရမ်း ချစ်တာ။ အဲ့ဒိလိုစိတ်မျိုး ဘယ်တော့မှ မဝင်ဘူး။ ဘယ်တော့မှလည်း ဖြစ်မှာမဟုတ်ဘူး။ မဖြစ်မနေ ခရီးသွားရင်း အတူတူအိပ်ရရင်တောင် ကျွန်မရဲ့ Best Friend ကြီးက ကျွန်မကို ကုတင်ပေါ်မှာ အိပ်ခိုင်းပြီး သူက ကြမ်းပြင်ပေါ် အိပ်လိမ့်မယ်။ သူနဲ့ကျွန်မ ဘယ်လောက်ရိုးသားလဲ။ သင့်မှာ အဲ့ဒိလိုသူငယ်ချင်း မရှိရင် နားလည်ပေးနိုင်မှာ မဟုတ်ဘူး။

(၅) တစ်ချို့တွေက ကျွန်မတို့ Relationship ကို အားကျကြတယ်။

တစ်ချို့မိန်းကလေးတွေက တကယ်ကို ကျွန်မတို့ ၂ ယောက်ရဲ့ ဖြူစင်မှုကို သဘောကျကြတယ်။ ထုတ်မပြောရင်တောင် မျက်လုံးတွေမှာ မြင်နိုင်တယ်။ ဆောရီးပါကွယ်။ မျှမပေးနိုင်ဘူး။ သူက ကျွန်မအတွက် ဘုရားသခင်ကပေးထားတဲ့
လက်ဆောင်။

(၆) ရည်းစားထားတိုင်း မယုံသင်္ကာ အဖြစ်ခံရတယ်။

ရည်းစားက တစ်ခါတစ်လေ မယုံဘူး။ တစ်ခါတစ်လေ မနာလိုဖြစ်တတ်တယ်။ ဟိုကောင့်ကို ပြန်ပြောပြရင် အသေရယ်တတ်တယ်။

(၇) တစ်ခါတစ်လေ ရန်ဖြစ်တယ်။ မကြာဘူး ပြန်ခေါ်ကြတယ်။

တစ်ခါတစ်လေ စကားများတယ်။ မကြာပါဘူး။ ပြန်ခေါ်တယ်။ ပြန်စတယ်။ ဘယ်တာ့မှ Drama တွေ လုပ်မနေဘူး။ ကျွန်မ အလုံခြုံဆုံးက သူ့အနားမှာပဲ။ သူ့ကိုဆဲလည်း စိတ်မဆိုးဘူး။ သူနဲ့ဆို ကျွန်မ လွတ်လွတ်လပ်လပ် နေလို့ရတယ်။
ဘာမှ ဟန်ဆောင်စရာမလိုဘူး။

(၈) သူ့ကို အရမ်းချစ်တယ်။ ဒါပေမယ့် မိသားစုလို၊ မောင်နှမလို၊ အရမ်းဖြူစင်စွာ ချစ်တာမျိုး။

အဲ့ဒိလိုအချစ်မျိုးကို သူစိမ်းယောက်ျားလေးနဲ့ မိန်းကလေးတစ်ယောက်ကြားမှာ ရှိပါ့မလားလို့ သံသယ ရှိကြလိ့မ့်မယ်။ မယုံရင် ပုံပြင်လို့ မှတ်လို့ရတယ်။ အဲ့ဒိအချစ် ကျွန်မအတွက်တော့ တကယ်ရှိတယ်။

(၉) သူက ကျွန်မအတွက် အကြံပေးအရာရှိ

အတွင်းကျဆုံး ပြဿနာတွေကို စိတ်ချယုံကြည်စွာ ဆွေးနွေးလို့ရတာ သူတစ်ယောက်ပဲရှိတယ်။

မဒီလေး (Shwemom)

Credit: Shwemom

No comments:

Post a Comment