Monday, April 4, 2016

"ချစ်သက်တမ်း ကြာရှည်စေဖို့ ၂ ဦးစလုံး လိုအပ်တဲ့အရည်အသွေး (၇) ခု"


"ချစ်သက်တမ်း ကြာရှည်စေဖို့ ၂ ဦးစလုံး လိုအပ်တဲ့အရည်အသွေး (၇) ခု"

အချစ်သက်တမ်းတစ်ခုကို ကြာရှည်တည်ဆောက်နိုင်ဖို့ အရည်အချင်းတွေ လိုပါတယ်။ တစ်ယောက်ကို တစ်ယေက်
ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂရုစိုက်မှုတွေ လိုအပ်သလို၊ စိတ်ဓာတ်ပိုင်းရာ ယုံကြည်မှု တည်ဆောက်ခြင်းဟာလည်း အရေးပါပါတယ်။ ဒါကြောင့်မို့ အချစ်တစ်ခုကို အခိုင်အမာ တည်ဆောက်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေး (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ချစ်သူကို လေးစားပါ

သာမာန်ပုဂ္ဂလိက ဆက်ဆံရေးတစ်ခုမှာတောင် တစ်ယောက်နဲ့တစ်ယောက် လေးစားမှုဟာ အရေးပါပါတယ်။ လေးစားမှု ခိုင်မာရင် ခိုင်မာသလောက် ဆက်ဆံရေးက တည်မြဲနေတဲ့ သဘောပါ။

(၂) ရည်မှန်းချက်တွေကို ၀န်းရံပေးပါ

လူတိုင်းမှာ ကြီးလာတဲ့အခါ ရည်မှန်းချက်၊ ကျောင်းသားဘ၀မှာ ရည်မှန်းချက်၊ လုပ်ငန်းရှင်ဘ၀မှာ ရည်မှန်းချက် စသဖြင့်
အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုထားလို့ မရပါဘူး။ တစ်ယောက်ရဲ့ ရည်မှန်းချက် ပြည့်မြောက်အောင်မြင်အောင် ဘေးမှာရှိနေတဲ့သူက တတ်နိုင်သလောက် ၀န်းရံ ထောက်ပံ့ပေးရမှာပါ။

(၃) ရုပ်ပိုင်းဆိုင်ရာ ရင်းနီးမှုကို ဦးစားပေးပါ

ဒါကတော့ ချစ်သူနဲ့ ပြင်ပဆက်ဆံရေး အမြဲ ဦးစားပေးရမယ့်ဆိုတဲ့ သဘောပါ။ တစ်ယောက်နဲ့တစ်ယောက် သာမာန်မျှ
ဆက်ဆံနေကြခြင်းမဟုတ်ပဲ အချစ်တစ်ခုရဲ့ ပန်းတိုင်ဖြစ်တဲ့ အိမ်ယာတစ်ခု တည်ထောင်ခြင်းကို ဦးတည်ပါစေ။

(၄) ကိုယ့်အတွက် တစ်ခုခု ဆောင်ရွက်ပေးဖို့ အမြဲလိုလို မတောင်းဆိုပါနဲ့

များသောအားဖြင့် အမျိုးသမီးတွေဟာ ချစ်သူ (သို့) အိမ်ထောင်ဘက် ရွေးခြင်းကို တစ်ချို့က ”အားကိုးရှာခြင်း” လို့ နားလည်ကြပါတယ်။ ဒါဟာလည်း မှန်သင့်သလောက် မှန်ပေမယ့် အကြောင်းကိစ္စတိုင်းအတွက် ချစ်သူကို အပူမကပ်ဘဲ မိမိဘာသာ ကြိုးစား ရုန်းကန်ခြင်းအတွက် အခြားလူတစ်ယောက်မှာ ၀န်မပိစေပါဘူး။

(၅) ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားပါ

ဒီလို ကြိုးစားခြင်းအားဖြင့် ချစ်သူရဲ့ လေးစားမြတ်နိုးမှုကို ခံရမှာ ဖြစ်ပါတယ်။ အဲဒီထက် အရေးကြီးတာက သင်ဟာ မိသားစုတစ်ခုကို အောင်မြင်စွာ ဦးဆောင်နိုင်ပြီဆိုတာ သွှူကို သတိပေးရာလည်း ရောက်ပါတယ်။

(၆) အချင်းများဖို့ စကားလမ်းကြောင်းကို ဦးတည်ခြင်းမပြုပါနဲ့

တစ်ယောက်နဲ့တစ်ယောက် ခွန်းကြီးခွန်းငယ် စကားများနိုင်တဲ့ ကိစ္စမျိုးဆို ရှောင်ပါ။ ခွန်းကြီးခွန်းငယ် စကား ပြောရပါများလာရင် နှစ်ဦးသား ဆက်ဆံရေး လက်ပေါက်ကပ်တတ်ပြီး တစ်ယောက်ကိုတစ်ယောက် မလိုမုန်းပွားတတ်ပါတယ်။

(၇) ချစ်သူရဲ့ အခြေအနေကို လက်ခံပါ

ချစ်လို့ လက်တွဲပြီးကာမှ ချစ်သူရဲ့ အားနည်းချက်ကို မရှာပါနဲ့။ ဒီအတွက် သင့်ကို ချစ်သူမဖြစ်ခင်ကတည်းက ဆုံးဖြတ်ခွင့်တွေ အများကြီး ပေးထားခဲ့တာပဲ။ ဒါကြောင့် ချစ်သူကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လက်ခံဖို့ ကြိုးစားပါ။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment