Wednesday, April 6, 2016

"တစ်နေ့တာအတွင်း သောက်သုံးသင့်တဲ့ သောက်စရာများ"


"တစ်နေ့တာအတွင်း သောက်သုံးသင့်တဲ့ သောက်စရာများ"

မိန်းကလေးတွေမှ မဟုတ်ဘဲ ယောက်ျားလေးတွေပါ ထိန်းသိမ်းသင့်တဲ့ အလှအပ တစ်ခုကတော့ အရေပြား အလှအပပဲ ဖြစ်ပါတယ်။ အရေပြားလှပဖို့အတွက် အစားအသောက်ပေါ်မှာ အဓိက မူတည်ပါတယ်။ အခုဖော်ပြပေးမယ့် စာရင်းကတော့ Schweiger Dermatology Group မှ အရေပြား ပညာရှင် Rachel Nazarian က အကြံပြုတင်ပြထားတဲ့ သင့်အရေပြား လှပစေရေးအတွက် လိုအပ်တဲ့ ဓာတ်မျိုးစုံရရှိစေမယ့် တစ်နေ့တာသောက်စရာ အရည်တွေပဲ ဖြစ်ပါတယ်။

တစ်နေ့တာလုံး သောက်ရန် (ရေ)

အရေပြား လတ်ဆတ်ကြည်လင်ပြီး တင်းရင်းနေစေဖို့အတွက် အကောင်းဆုံးကတော့ ရေဖြစ်ပါတယ်။ ရေက ကျန်းမာစိုပြေတဲ့ အသားအရေကို ရရှိစေပါတယ်။ ရေ တစ်နေ့ကို အနည်းဆုံး ၈ ခွက်သောက်သုံးပေးခြင်းဖြင့် ကျန်းမာသန့်ရှင်းတဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။

မနက်ခင်းတွင် သောက်ရန် (ပဲနို့)

ပဲနို့ထဲမှာ ပါတဲ့ ဓာတ်တစ်မျိုးက အသားအရေကို နုပျိုစေတဲ့ collagen ပါဝင်ပြီး နေရောင်ခြည်ကြောင့် ဖြစ်တဲ့ အရေးအကြောင်း ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါတယ်။ ပြီးတော့ ပဲနို့မှာပါတဲ့ သတ္တုဓာတ်တွေနဲ့ ပရိုတင်းဓာတ်တွေက အသားညိုခြင်း၊ မည်းခြင်း၊ အသားအရောင် မညီခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နေ့လည်ခင်းတွင် သောက်ရန် (လက်ဖက်စိမ်း)

ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း အများအပြားပါဝင်တဲ့အတွက် နေလောင်ခြင်းကို လျော့နည်းစေပါတယ်။ အရေပြား နီရဲတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ညနေခင်းတွင် သောက်ရန် (တလည်းသီး ဖျော်ရည်)

လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေထက် နှစ်ဆနီးပါး ပါဝင်ပြီး collagen အမြောက်အမြား ထွက်ရှိစေပါတယ်။ collagen များပြားလေ အရေးအကြောင်းတွေ လျော့နည်းလေဖြစ်ပြီး အသားဖြူစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။

ညအိပ်ရာ မဝင်ခင် သောက်ရန် (သခွားသီး ဖျော်ရည်)

ရေဓာတ် ၉၀% ပါဝင်တဲ့ သခွားသီးက အရေပြား အစိုဓာတ် ထိန်းပေးနိုင်သလို အရေပြားရဲ့ pH ပမာဏကို ထိန်းသိမ်းဖို့ ကူညီပေးနိုင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment