Friday, April 8, 2016
"အသဲကွဲနေသူတွေ ဝေဒနာကုစားနိုင်မယ့် အကောင်းဆုံးနည်းဟာ selfie ရိုက်ခြင်းဖြစ်ကြောင်း သိရ"
"အသဲကွဲနေသူတွေ ဝေဒနာကုစားနိုင်မယ့် အကောင်းဆုံးနည်းဟာ selfie ရိုက်ခြင်းဖြစ်ကြောင်း သိရ"
မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် လမ်းခွဲမှုနဲ့ပတ်သက်ရင် ပိုမို စိတ်ထိခိုက် ခံစားတယ်ဆိုတဲ့ အကြောင်းကို သိပြီးဖြစ်ပါတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေဟာ အသည်းကွဲခြင်းကို ကုစားဖို့ နောက်ဆုံးပေါ် နည်းလမ်းတွေ ကျင့်သုံးလာကြပါတယ်။
ဖက်ရှင်ဝက်ဘ်ဆိုဒ် shopa.com က လုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှု အသစ်တစ်ခုမှာ လူ ၂၀၀၀ ကျော် ပါဝင်ခဲ့ပြီး၊ မိန်းကလေးသုံးယောက်မှာ တစ်ယောက်ဟာ အချစ်ရေး ဆုံးခန်းတိုင်သွားပြီးနောက် ကိုယ့်ဓာတ်ပုံ ကိုယ်ပြန်ရိုက်လေ့ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီလိုရိုက်ခြင်းက သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကို ပြန်မြှင့်တင်ပေးတဲ့အရာ အဖြစ် မှတ်ယူကြပါတယ်။ မိန်းကလေး ၁၂ ယောက်မှာ ၁ ယောက်က ဘီကီနီနဲ့ ခန္ဓာကိုယ်အလှ ဖော်ထားတဲ့ ဓာတ်ပုံတွေ ရိုက်လေ့ရှိပါတယ်။
အဆက်ဟောင်း လက်လွှတ်လိုက်ရတဲ့ အလှအပတွေကို ဖော်ပြပြီး လက်စားချေတာက အကောင်းဆုံး ကုသမှုတစ်ခုအဖြစ် ယူဆကြတယ်လို့ ဆိုပါတယ်။ Selfie ကပဲ အသည်းကွဲရောဂါရဲ့ ဆေးတစ်ခုမဟုတ်ပါဘူး။ မိန်းကလေး ငါးယောက်မှာ သုံးယောက်ဟာ ရုတ်တရက် ချက်ချင်းကြီး အဖော်မဲ့သွားတဲ့ အခြေအနေကို ကုသဖို့အတွက် အဆက်ဟောင်းရဲ့ အ၀တ်အစားတွေကို ယူဝတ်လေ့ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ ယောက်ျားလေး ၄၂ ရာခိုင်နှုန်းလည်း ဒီလိုလုပ်တတ်ပါတယ်။
ချစ်သူနဲ့ ပြတ်သွားပြီးနောက် အချိန်တွေကို ကျော်လွှားဖို့အတွက် ဓာတ်ပုံရိုက်တာက သင့်ကို ပိုသက်သာစေတယ်ဆိုရင်တော့ ရိုက်ပါ။ ဒါပေမယ့် အွန်လိုင်းက comment တွေကိုတော့ အရမ်းမခံစားဖို့က အကောင်းဆုံးပါပဲ။ ဆိုရှယ်မီဒီယာမှာ လူအားလုံးကို ချီးကျူး အမွှမ်းတင်တတ်တဲ့လူတွေ ရှိသလို ဝေဖန်ကဲ့ရဲ့ပြီး စိတ်ဒုက္ခပေးတတ်တဲ့ လူတွေလည်း ရှိပါတယ်။ သင် ကြေကွဲခံစားနေရတဲ့အချိန်မှာ ဒီလို comment တွေကို မြင်ချင်မှာ မဟုတ်ပါဘူး။
Ye Wint
Credit: Trend Myanmar
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment